ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်လင်း EU နိုင်ငံ၊ သတင်းအချက်အလက် ရှာဖွေရေးအဖွဲ့အား တွေ့ဆုံ

နေပြည်တော် ၂၆ ဇန်နဝါရီ

 

ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးရန်လင်းသည် EU နိုင်ငံ၊ သတင်းအချက်အလက် ရှာဖွေရေးအဖွဲ့အား ယနေ့   မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-10) ဧည့်ခန်းမ၌ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ကောင်းမွန်သော နည်းပညာ အသစ်အဆန်းများဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ သမဝါယမဖွံ့ဖြိုးရေးကဏ္ဍတို့တွင် ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍  ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

MDN