ပြည်သူ့ကျန်းမာရေး မဟာဘွဲ့၊ ဆေးပညာမဟာသိပ္ပံ (ဆေးရုံအုပ်ချုပ်မှုနှင့် ကျန်းမာရေးစီမံခန့်ခွဲမှုပညာ)၊ ကာကွယ်ရေးနှင့် အပူပိုင်းဆေးပညာ မဟာဘွဲ့နှင့် ကျန်းမာရေးမဟာသိပ္ပံ (အခြေခံကျန်းမာရေး) အောင်မြင်ခဲ့သူများအား ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး တွေ့ဆုံမှာကြား

ရန်ကုန်    ဇန်နဝါရီ 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် ယမန်နေ့ နံနက်ပိုင်းတွင် ပြည်သူ့ကျန်းမာရေးမဟာဘွဲ့၊ ဆေးပညာမဟာသိပ္ပံ (ဆေးရုံ အုပ်ချုပ်မှုနှင့် ကျန်းမာရေးစီမံခန့်ခွဲမှုပညာ) ကာကွယ်ရေးနှင့် အပူပိုင်း ဆေးပညာ မဟာ ဘွဲ့နှင့်ကျန်းမာရေးမဟာသိပ္ပံ (အခြေခံကျန်းမာရေး) အောင်မြင်ခဲ့သူအား ပြည်သူ့ကျန်းမာ ရေးတက္ကသိုလ် (ရန်ကုန်) တွေ့ဆုံ၍ အမှာစကားပြောကြားသည်။

 

ပြည်ထောင်စုဝန်ကြီးက ပညာရပ်စွမ်းဆောင်ရည် ပိုမိုမြင့်မားရေးအတွက် ယခုမဟာဘွဲ့ရရှိရုံမျှနှင့် မပြီးသေးဘဲ ထပ်မံ၍ ပညာရပ်များ စဉ်ဆက်မပြတ် ဆည်းပူးကြရန် တိုက်တွန်းလိုပြီး ဝန်ကြီးဌာနမှလည်း အတတ်နိုင်ဆုံးပံ့ပိုးဆောင် ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဌာနအ သီးသီး၊ စီမံချက်လုပ်ငန်းအသီးသီးတွင်တာ ဝန်ထမ်းဆောင်ရသည့်အခါ လုပ်ငန်းနှံ့စပ် ကျွမ်းကျင်မှုရှိစေရန်အတွက် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့၊ ဌာနချုပ်နှင့် US CDC တို့၏ အင်တာနက်စာမျက်နှာမှ ကျန်းမာရေး ဆိုင်ရာသတင်းများ၊ ကမ္ဘာ့ကျန်းမာရေး အစည်းအဝေးပွဲများမှ သဘောတူညီချက်များ၊ ကြေငြာချက်များ၊ ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာမှ သတင်းများ၊ လုပ်ငန်းလမ်းညွှန်ချက်များ၊ လက်စွဲစာအုပ်များကို လေ့လာကြရန်တိုက်တွန်း လိုပါကြောင်း ပညာရှင်များအနေဖြင့် နိုင်ငံတကာနှင့် ဆက်သွယ် ဆောင်ရွက်ကြရ မည်ဖြစ်ရာ အင်္ဂလိပ်စာကျွမ်းကျင်မှုရှိရန်မှာ အထူးအရေးကြီးသဖြင့် လေ့လာလိုက်စား ကြစေလိုပါကြောင်း၊

 

ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရာနေရာဒေသတွင် နေထိုင်ရေးအဆင်ပြေစေရေးနှင့် ရာထူးအဆင့် တိုးမြှင့်ရေး ကိစ္စများကိုလည်း အလေးပေး ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းသည် နိုင်ငံတော်၊ ဝန်ကြီးဌာနနှင့် ပညာရပ်ကဏ္ဍနယ်ပယ် တို့ ပိုမိုတိုးတက်ဖွံ့ဖြိုးစေရန် အဓိက အရေးကြီးသည်သာမက သုတေသနပြုလုပ်သူ တစ်ဦးချင်းစီအတွက်လည်း စဉ်းစားတွေးခေါ်ပုံနှင့် အသိပညာများ ပိုမိုတိုးတက်မြင့်မားလာကာ ပညာရပ်အလိုက် ကျွမ်းကျင်နှံစပ်မှု ပိုမိုကောင်းမွန်လာသည့် အကျိုးကျေးဇူးများရရှိပါကြောင်း၊ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်)တွင် ဆေးသု တေသနဆိုင်ရာ စွမ်းဆောင်ရည်မြှင့် certificate သင်တန်းများ ပြုလုပ်လျက်ရှိပြီ ဖြစ်ပါကြောင်း၊

 

လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသင်းအဖွဲ့စိတ်ဓာတ်၊ ညှိနှိုင်းစုစည်းဖြေရှင်း တတ်သော စိတ်ဓာတ်၊ အပြန်အလှန်လေးစားမှု၊ အကောင်းမြင်စိတ် တို့ဖြင့် ဆောင်ရွက် သွားကြပါရန် တိုက်တွန်းလိုပါကြောင်းပြောကြားသည်။

 

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ဒေါက်တာသာထွန်းကျော်နှင့်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ပူးတွဲတာဝန်) ဒုတိယညွှန်ကြားရေး မှူးချုပ်ဒေါက်တာစိုးဦး တို့က အမှာစကား ပြောကြား ခဲ့ကြသည်။

 

ယင်းနောက် မဟာဘွဲ့ရရှိအောင်မြင်ခဲ့သူများကိုယ်စား သက်ဆိုင်ရာ ဘာသာရပ် အလိုက် ကိုယ်စားလှယ်များက တက်ရောက်ခဲ့သည့် မဟာဘွဲ့သင်တန်းများနှင့် ပတ်သက်၍ လိုအပ်ချက်များနှင့် ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် အကြံပြုချက်များ ကိုတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးကယခုကဲ့သို့ အကြံပြုချက်များကို မှတ်တမ်းတင်ထားရှိမည်ဖြစ်ကာ ပိုမိုကောင်းမွန်စေရေးအတွက် မွမ်းမံပြင်ဆင် သင့်သည်များကို အမြန်ဆုံး မွမ်းမံပြင်ဆင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

3

 

တွေ့ဆုံပွဲသို့ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ပါမောက္ခဒေါက်တာ ကျော့စန်းလွင်၊ ပါမောက္ခများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြ သည်။

 

ပြည်ထောင်စုကြီးသည် ဇန်နဝါရီ ()ရက်နေ့၊ မွန်းလွဲပိုင်းတွင် ပြည်သူ့ကျန်းမာရေး တက္ကသိုလ် (ရန်ကုန်) ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဗဟိုအဆင့် ဆေးရုံကြီးများအပါအဝင်ဆေးရုံ (၂၆)ရုံမှ ဆေးရုံအုပ်ကြီးများ၊ဆေးရုံအုပ်များ၊ တာဝန်ရှိ သူများနှင့်တွေ့ဆုံ၍ ကုသရေးရာလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ထမ်းရေးရာ၊ ဆေးနှင့်ဆေးပစ္စည်းကိရိယာများ၊ စီမံအုပ်ချုပ်မှုရေးရာ၊ ဆောက်လုပ်ရေး နှင့်ပြုပြင်ထိန်းသိမ်း ရေးစသည့် အထွေထွေကိစ္စရပ်များကိုဆွေးနွေးပြီး ချက်ချင်းဖြည့် ဆည်းပေးနိုင်သည်များကို ဖြည့်ဆည်းပေးခဲ့ကာ ရေရှည် ဆောင်ရွက်ပေးရမည့်များကို စီစဉ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။

 

(သတင်းစဉ်)