ပြည်သူ့အတွက် တို့ပြန်/ဆက်၊ တွဲလက်ညီညီရှေ့သို့ချီ

၁  ဧပြီ

 

နိုင်ငံတစ်နိုင်ငံကို  ဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရာတွင် အဓိကအရေးကြီးဆုံး အချက်မှာ နိုင်ငံသူ၊ နိုင်ငံသားများ၏ အသိပညာ၊ အတတ်ပညာရေချိန်မြင့်မားမှုသည် အဓိကကျပေသည်။      တစ်နည်းဆိုရလျှင် အသိပညာမြင့်မားသည့် နိုင်ငံသားကောင်းများ ပေါ်ထွန်းလာရေးနှင့် အတတ်ပညာ ထူးချွန်သည့် မျိုးဆက်သစ်များကို မွေးထုတ်နိုင်ရေးပင်ဖြစ်သည်။

 

အသိပညာ၊  အတတ်ပညာနှင့်  ပြည့်စုံထူးချွန်သည့် နိုင်ငံသူ၊ နိုင်ငံသားများဖြစ်လာ စေရေးအတွက်  ခေတ်အဆက်ဆက်တွင် နိုင်ငံတော်အစိုးရက      အစဉ်မွေးထုတ်ပေးလျက်ရှိရာ     ထူးချွန်အောင်မြင်သူများ၊ ပညာရှင်များရှိသကဲ့သို့ ကျွမ်းကျင်လုပ်သား ကြီးများလည်း  ပေါ်ထွန်းလာခဲ့ကြပါသည်။ ယနေ့အချိန်တွင် မိမိတို့နိုင်ငံသည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးဆီသို့  လှမ်းချီဖော်ဆောင်လျက်ရှိရာ   နိုင်ငံသားအားလုံး အတွက် စဉ်းစားတွေးခေါ်နိုင်စွမ်းရှိသည့်၊ အမှားအမှန်ကို    ပိုင်းခြားနိုင်စွမ်းရှိသည့် အသိပညာရေချိန်မြင့်မားရေးသည်  အရေး အကြီးဆုံး အချက်ပင်ဖြစ်ပါသည်။

 

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်    ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဝန်ကြီးဌာန၏ ပြန်ကြားပေးခြင်း၊ ပညာပေးခြင်း၊ ဖျော်ဖြေပေးခြင်း စသည့် ရည်ရွယ်ချက်များကို ဖော်ဆောင်လျက်ရှိရာ ပြည်သူတို့၏ လိုအပ်ချက်များကို နိုင်ငံတော်အစိုးရ  သိရှိစေရန်နှင့် နိုင်ငံတော်အစိုးရ၏ လုပ်ဆောင်ချက်များကို ပြည်သူများ သိရှိနိုင်စေရန်အတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ပြည်သူ့ဆက်ဆံရေး  နည်းလမ်းပေါင်းစုံဖြင့် အကောင်အထည်ဖော်  ဆောင်ရွက်လျက်ရှိပါသည်။ ယခင်က မြို့နယ်ရုံးတွင် ပြည်သူ့စာကြည့်တိုက်လုပ်ငန်း၊        ရုပ်သံပြသခြင်း လုပ်ငန်း၊ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ၊ ဟောပြောပွဲများဖြင့်ပြည်သူ့ဆက်ဆံရေး လုပ်ငန်းများကိုဆောင်ရွက်ခဲ့ရာမှ     ယနေ့အချိန်တွင် ပြောင်းလဲလာသောခေတ်နှင့်အညီ ပြည်သူဆက်ဆံရေးလုပ်ငန်းများကိုလည်း ပြောင်းလဲတိုးမြှင့်ဖော်ဆောင်ခဲ့ပါသည်။

 

ဒီမိုကရေစီ  ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ရေး၊      တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊  ပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတို့ပျော်ရွှင်ချမ်းမြေ့          သာယာရေးအတွက်နိုင်ငံတော်အစိုးရမှ ပြည်သူနှင့်အတူဆောင်ပုဒ်နှင့်အညီ    ပြည်သူ့အတွက်ကြိုးပမ်းဆောင်ရွက်ရင်း  အစိုးရသက်တမ်း ကာလသည်  (၃)နှစ်တာ  ပြည့်မြောက်ခဲ့လေပြီ။

 

ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည်  အစိုးရသက်တမ်း(၃)နှစ်တာကာလတွင်  ပြည်သူ့အတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ ထင်သာမြင်သာ ရလဒ်ကောင်းများ    တွေ့မြင်ရမည်ဖြစ်သကဲ့သို့ ထိုသို့အောင်မြင်မှုများကို    ပြည်သူ့ထံမှစကားသံများ၊ မီဒီယာများမှ ကြားသိမြင်တွေ့ခွင့်ရခဲ့ပါသည်။ ထိုကဲ့သို့ လုပ်ငန်းတာဝန်များ ထမ်းရွက်ရာတွင်  အဆင်ပြေချောမွေ့မှုနှင့်အတူ  အခက်အခဲများနှင့် စိန်ခေါ်မှုများကိုလည်း ကြုံတွေ့ကြရပါသည်။

 

အောင်မြင်မှုနှင့် အခက်အခဲဆိုသည်မှာ ဒွန်တွဲလျက်ရှိရာ မလျှော့သောဇွဲ၊ စိတ်ဓာတ်နှင့် စေတနာတို့    ပေါင်းစပ်ပြီး “ပြည်သူ့အတွက်တို့ပြန်/ဆက်” စိတ်ဓာတ်ဖြင့် ကျော်ဖြတ်နိုင်မှုကြောင့်လည်း ရလဒ်ကောင်းများ      ရရှိနေခြင်းဖြစ်ပါသည်။ ဒီမိုကရေစီအစိုးရ၏ ဒုတိယ(၅)နှစ်တာ သက်တမ်းကာလ၏        (၃)နှစ်တာသက်တမ်းတွင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်ချက်များကို  ပြည်သူများ  မျက်ဝါးထင်ထင်မြင်တွေ့ရမည်ဖြစ်ရာ   အစိုးရ၏ (၃)နှစ်တာ ကာလအတွင်း  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုနှင့်    တိုးတက်မှုအခြေအနေများကို ဆက်လက်ဖော်ပြလိုပါသည်။

 

ဦးစီးဌာနအောက်တွင် စီမံခန့်ခွဲရေးဌာနခွဲ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနခွဲ၊ ထုတ်လုပ်ရေးဌာနခွဲ၊    သုတေသနနှင့်သတင်းအချက်အလက်ဌာနခွဲ၊  မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲ၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲဟူ၍ ဌာနခွဲ ခြောက်ခုဖြင့် လုပ်ငန်းတာဝန်များ ကို ပိုင်းခြားဆောင်ရွက်လျက်ရှိပါသည်။

 

ထိုဌာနခွဲခြောက်ခု၏    စုပေါင်းညီညာ ချိတ်ဆက်မှုဖြင့် ဦးစီးဌာန၏ယန္တရားကို လည်ပတ်ဖော်ဆောင်ရာတွင်  ဝန်ထမ်းများ၏ စည်းလုံးညီညွတ်မှုနှင့်  စေတနာက လွန်စွာအရေးကြီးလှပေသည်။ ဦးစီးဌာနရှိဝန်ထမ်းများ၏ စည်းလုံးညီညွတ်မှုနှင့် စေတနာတို့ဖြင့်လုပ်ငန်းဆောင်ရွက်မှုများ၏ အထင်ရှားဆုံး ပြယုဂ်မှာ (၃)နှစ်တာကာလအတွင်း လူထုအခြေပြုဗဟိုဌာန (Community Centre) များနှင့် ၎င်း၏လုပ်ငန်းစဉ်များ၊ ပြတိုက်ငယ်(Museum) များ၊ စာဖတ်ဝိုင်းများ၊ ပြည်သူ့စကားဝိုင်းများ၊   ကလေးစာပေပွဲတော်များ၊ လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်များနှင့်တိုင်းရင်းသားလူမျိုးစုများ၏ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးရေးပွဲတော်များက        သက်သေပြုလျက်ရှိနေပေသည်။

 

a

 

လူထုအခြေပြုဗဟိုဌာနများဖွင့်လှစ်


ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ ရုံးစာကြည့်တိုက်များကို အများပြည်သူ  ဝင်ထွက်သွားလာနိုင်သည့်နေရာ၊ အများပြည်သူနှင့်  ရင်းနှီးအကျွမ်းတဝင်ရှိသည့် နေရာများအဖြစ် ပြည်သူများ အသုံးပြုနိုင်ရန်  ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ပူးပေါင်း၍  တိုင်းဒေသကြီးနှင့်  ပြည်နယ်အတွင်းရှိ  ခရိုင်၊      မြို့နယ် ၁၃ ရုံးကို လူထုအခြေပြုဗဟိုဌာန (Community Centre) အဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါ သည်။ တစ်ဆက်တည်းမှာပင် ရွေ့လျားစာကြည့်တိုက်ယာဉ်များဖြင့် နယ်လှည့်စာကြည့်တိုက်      လုပ်ငန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လာနိုင်ခဲ့ပါသည်။

 

Book Club များ ဖွဲ့စည်းမှုနှင့်စာဖတ်ဝိုင်းများ ဆောင်ရွက်မှုအခြေအနေ


ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)များတွင် စာဖတ်ဝါသနာပါသူ၊ စာပေဝါသနာပါသူများ စုစည်း၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) များကို ခရိုင်၊ မြို့နယ်၊ မြို့ရုံး ၁၂၇ ရုံးတွင်  ဖွဲ့စည်းပြီး   စာဖတ်ဝိုင်းများ၊ စာပေနှီးနှောဖလှယ်ပွဲများနှင့်       စာအုပ်စာစောင်ဝေဖန်သုံးသပ်ပွဲများကို နိုင်ငံတစ်ဝန်း ဆောင်ရွက်လျက်ရှိရာ  ၂၀၁၈  ခုနှစ်အထိ(၃၂၃)ကြိမ် ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

 

ကလေးစာပေပွဲတော်များကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန   ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ  တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍ စေတနာရှင်၊ အလှူရှင်များ၏ အားပေးပါဝင်မှုနှင့်အတူနိုင်ငံတော်အဆင့် ကလေးစာပေပွဲတော်များကို ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ် မတ်လအထိတိုင်းဒေသကြီ/ပြည်နယ် ကိုးခုတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထို့အတူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်အဆင့်ကလေးစာပေပွဲတော်ကိုလည်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင်  ၁၁ ရုံး၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ်တွင် ၁၅ ရုံး၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ၁၁ ရုံး ကျင်းပနိုင်ခဲ့ပါသည်။ အလားတူတိုင်းဒေသကြီး/ပြည်နယ်များအတွင်း၌ ဒေသအစီအစဉ်ဖြင့် ကလေးစာပေပွဲတော်ကို သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ စာကြည့်တိုက်များ ကွန်ရက်နှင့်စေတနာရှင်၊ အလှူရှင်များပူးပေါင်း၍ ခရိုင်/ မြို့နယ်ကိုးခုတွင် ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

 

ကလေးစာပေပွဲတော်များတွင် ကလေး ငယ်များ၏    တက်ကြွစွာပါဝင်ဆင်နွှဲမှုနှင့် ပျော်ရွှင်ကြည်နူးမှုပုံရိပ်များမှာ   မီဒီယာ များမှတစ်ဆင့် နိုင်ငံတစ်ဝန်းသို့ တစ်မုဟုတ်ချင်း ပျံ့နှံ့သွားခဲ့သည်။ မိမိတို့ငယ်စဉ်ကလေး  ဘဝက မကြုံတွေ့၊ မမြင်ဖူးခဲ့သည့် ကလေး စာပေပွဲတော်၏ ပုံရိပ်များက တစ်နိုင်ငံလုံးရှိ မိဘတိုင်း၊      ကလေးတိုင်း၏ရင်ထဲတွင”ကလေးများရဲ့စာပေပွဲတော်” တေးသီချင်း သံနှင့်အတူ    ကြည်နူးခံစားရင်း  အမြဲတမ်း အမှတ်ရနေကြမည်ဖြစ်ပါသည်။

 

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်လူငယ်များ 


အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးများ မြင့်မားလာစေရန်၊ ကာယ၊  ဉာဏ၊    စာရိတ္တ၊      မိတ္တ၊    ဘောဂ  ဗလငါးတန် မြှင့်တင်ပေးနိုင်ရန်နှင့် အနာဂတ်မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအား ၎င်းတို့၏ အတွေးအမြင်ကောင်းများဖြင့် တည်ဆောက်အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ချက်ဖြင့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်များကိုလည်း ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်များတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါသည်။

 

နံရံကပ်ပြဘုတ်များ ခင်းကျင်းပြသခြင်းပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် နိုင်ငံတော်အစိုးရ၏ ထူးခြားသောဆောင်ရွက်ချက်များ၊ နိုင်ငံတော်အကြီးအကဲများ၏ ဆောင်ရွက်ချက်များကို ရုံးချုပ်ရှိမှတ်တမ်းဓာတ်ပုံများမှ ရွေးချယ်ပြီး နယ်ရုံးများသို့   ပေးပို့ခြင်းဖြင့်  မြို့နယ်ရုံးများတွင်တစ်လနှစ်ကြိမ် အသစ်လဲလှယ်ပြသနိုင်ခဲ့ပါသည်။ ထို့အပြင် နံရံကပ်ဘုတ်များတွင် အသိပညာဗဟုသုတနှင့် သတင်းအချက်အလက်များ၊ အထိမ်းအမှတ်နေ့များနှင့် သက်ဆိုင်သည့် မှတ်တမ်းဓာတ်ပုံများ၊ အလုပ်အကိုင်အခွင့်အလမ်းများအား ပြည်သူများသိရှိနိုင်စေရေး လစဉ်လဲလှယ်ပြသလျက်ရှိနေပါသည်။

 

ပြည်သူ့စကားဝိုင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုး ရေးစကားဝိုင်းများ ကျင်းပဆောင်ရွက် 


ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ဒီမိုကရေစီအင်္ဂါရပ်များနှင့်အညီ အစိုးရနှင့် ပြည်သူအကြား ဆွေးနွေးတိုင်ပင်ရ မည့်အကြောင်းကိစ္စများကို ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အလမ်းများအား ဖော်ဆောင်ပေးနိုင်ရန်၊ ပြည်သူလူထု၏ စဉ်းစားတွေးခေါ်မှုများ မြင့်မားလာစေရန်နှင့်ဆွေးနွေးပွဲများတွင်      ပါဝင်ဆွေးနွေးတတ်သည့်  အလေ့အထများ  ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍  ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးစကားဝိုင်းများကိုလည်း      စီစဉ်ကျင်းပလျက်ရှိပါသည်။  လူငယ်နှင့်  လူမှုမီဒီယာ၊ လူငယ်ထုကို ပိုမိုခြိမ်းခြောက်လာသော မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်နှင့်အလုပ်အကိုင်အခွင့်အလမ်း၊  လူငယ်နှင့်စာကြည့်တိုက် စသည်ဖြင့် ဒေသအခြေအနေ နှင့်ကိုက်ညီမည့်  ခေါင်းစဉ်များဖြင့်  အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်သူများဖြင့်  ပြည်သူ့စကားဝိုင်းများကို  ကျင်းပပေးလျက်ရှိရာ   ပြည်သူများ အသိပညာဗဟုသုတများ  ရရှိခဲ့သည့်အပြင်  ပြည်သူများ၏ အခက်အခဲများ၊ လိုလားချက်များနှင့်ပကတိအခြေအနေမှန်  ပြည်သူ့စကားသံများကို ကြားသိတင်ပြနိုင်ခဲ့ပါသည်။ အစိုးရ သက်တမ်း (၃)နှစ်တာကာလအတွင်း ပြည်သူ့စကားဝိုင်း (၆၅၃)ကြိမ်နှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးစကားဝိုင်း  (၅၂၇)ကြိမ်ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

 

လက်ကမ်းစာစောင်များ ထုတ်ဝေဖြန့်ချီ


ထို့အတူ နိုင်ငံတော်၏  အထိမ်းအမှတ်နေ့များ၊  နေ့ထူးနေ့မြတ်များနှင့်  သက်ဆိုင်သည့် အကြောင်းအရာများကို ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်  ရည်ရွယ်၍ လက်ကမ်းစာစောင်များကိုလည်း ထုတ်ဝေ ဖြန့်ချိလျက်ရှိပါသည်။ နှစ်စဉ် မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်      တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့၊ အမျိုးသားနေ့၊ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တပ်မတော်နေ့နှင့်အာဇာနည်နေ့ စသည့်  အထိမ်းအမှတ်နေ့များတွင်   လက်ကမ်းစာစောင်  စောင်ရေ   (၂)သိန်းစီကို ပြည်သူများအတွက် အသိပညာ ဗဟုသုတရရှိစေရန် ထုတ်ဝေဖြန့်ချိနိုင်ခဲ့ပါသည်။

 

ဒို့ကျေးရွာဂျာနယ်ထုတ်ဝေဖြန့်ချီ


ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊   မွေးမြူရေး၊  ကျန်းမာရေးနှင့်ပြည်သူများ အကျိုးဖြစ်ထွန်းစေမည့်အကြောင်းအရာများ၊ သတင်းအချက်အလက်များ ဖြန့်ဝေပေးနိုင်ရန်ရည်ရွယ်၍ ဒို့ကျေးရွာ ဂျာနယ်ကို  တစ်လလျှင် နှစ်ကြိမ်နှုန်းဖြင့်တစ်ကြိမ်လျှင် စောင်ရေ    ၃၅၀ဝ၀ ခန ထုတ်ဝေဖြန့်ချိလျက်ရှိပါသည်။ ဒို့ကျေးရွာ ဂျာနယ်သည်  ကျေးလက်နေပြည်သူများ နှစ်ခြိုက်ကြသည့် ဂျာနယ်တစ်စောင်ဖြစ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ကိုင်နေကြသည့်ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေခဲ့ပါသည်။

 

အသိပညာပေးဇာတ်လမ်းများရိုက်ကူးထုတ်လွှင့် 


ပြည်သူလူထုအသိပညာပေးဇာတ်လမ်းများဖြင့် လူငယ်များအား  မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနိုင်မည့် “သူငယ်ချင်း  သုံးယောက်ရှိလေသည်”  ဇာတ်လမ်း အားလည်းကောင်း၊      လောကနီတိနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေး နိုင်မည့် “အမှိုက်ကစ” ဇာတ်လမ်း၊ သဘာဝ ပတ်ဝန်းကျင်ကို ချစ်ခင်မြတ်နိုးတတ်စေရန်ပညာပေးနိုင်မည့်  “စူပါမင်းလည်း  မကယ်နိုင်”  ဇာတ်လမ်း၊  ဒီမိုကရေစီကျင့်စဉ်နှင့်စံနှုန်းများအား ပြည်သူလူထု လက်ခံကျင့်သုံး လာစေရန်  ပညာပေးနိုင်မည့်  “ဟိုဘက်အိမ်က မီးထိန်ထိန်” ဇာတ်လမ်း၊ ပြည်သူများ စာဖတ်သည့်အလေ့အထနှင့် စာဖတ်ခြင်းဖြင့်လူမှုဘဝများ  တိုးတက်ပြောင်းလဲသွားနိုင်သည့်        ပညာပေးဇာတ်လမ်းဖြစ်သည့်”ပြောင်းလဲပါ”  ဇာတ်လမ်းများကိုလည်း စီစဉ်ရိုက်ကူးပြီး      နိုင်ငံပိုင်မီဒီယာများတွင ထုတ်လွှင့်ပြသနိုင်ခဲ့ပါသည်။

 

စာနယ်ဇင်းလုပ်ငန်းများဖွံ့ဖြိုးရေးဆောင်ရွက် 


ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများ   ပြင်ဆင်သည့်နည်းဥပဒေများကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ် ၈၀/၂၀၁၆ ဖြင့် ထုတ်ပြန်ခဲ့ပါသည်။  ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများ  ထုတ်ပြန်ခဲ့သည့်  ၁၀-၁၀-၂၀၁၄  မှစ၍  ပုံနှိပ်ခြင်း၊  ထုတ်ဝေခြင်းနှင့်သတင်းအေဂျင်စီလုပ်ငန်းများကို ခွင့်ပြုပေးခဲ့ရာ  အစိုးရသစ်တာဝန်ယူသည့် ၃၁-၃-၂၀၁၆ ရက်နေ့မှ  ၃၁-၃-၂၀၁၉  အထိ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းများ  တိုးတက်ခွင့်ပြုပေးမှုမှာ      ပုံနှိပ်ခြင်း လုပ်ငန်း ၁၅၆၃ ခု၊   သတင်းစာ  ၄၆ စောင်၊ ဂျာနယ်  ၅၅၉ စောင်၊  မဂ္ဂဇင်း ၄၆၈ စောင်၊ အထွေထွေ  ၁၅၁၈    စောင်နှင့်   သတင်း အေဂျင်စီလုပ်ငန်း ၁၇၃ ခု ဖြစ်ပါသည်။

 

ထို့အတူ မြန်မာနိုင်ငံအတွင်း ထုတ်ဝေ ဖြန့်ချိသည့်  စာအုပ်စာစောင်များ  ပေးပို့မှုစာရင်းကို ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေနှင့်အညီ  ပြက္ခဒိန်နှစ်အလိုက်  ပြုစု၍ နှစ်စဉ်ထုတ်ပြန်လျက်ရှိရာ ၂၀၁၆ ခုနှစ်တွင်စာအုပ်စာစောင် ၄၇၄၉ မျိုး၊ ၂၀၁၇ ခုနှစ်တွင် ၄၅၁၅ မျိုးနှင့် ၂၀၁၈ ခုနှစ်တွင် ၄၆၂၉ မျိုး စိစစ်ထုတ်ပြန်နိုင်ခဲ့မှုကြောင့် ပုံနှိပ်မီဒီယာ လောက  ရှင်သန်ရပ်တည်နိုင်မှုနှင့် ဖွံ့ဖြိုး တိုးတက်မှုကို မြင်တွေ့ရမည်ဖြစ်ပါသည်။

 

a

 

ရုပ်ရှင်ရုံများ၊ ရုပ်ရှင်ဇာတ်ကားများ၊ဗီဒီယိုဇာတ်ကားများ စစ်ဆေးခွင့်ပြုခဲ့မှုနှင့်ရုပ်ရှင်ဥပဒေရေးဆွဲပြဋ္ဌာန်းခြင်း


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲသည် ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားများကို  စစ်ဆေးခွင့်ပြုခဲ့ရာ  ၂၀၁၆  ခုနှစ်တွင်  မြန်မာရုပ်ရှင်ဇာတ်ကား ၉၈ ကား၊ ၂၀၁၇ ခုနှစ်တွင် ၁၅၉ ကား၊ ၂၀၁၈ ခုနှစ်တွင် ၁၃၃ ကား ခွင့်ပြုပေး ခဲ့မှုနှင့်အတူ  ၂၀၁၆  ခုနှစ်တွင် ဗီဒီယိုဇာတ်ကား ၉၃၆ ကား၊ ၂၀၁၇ ခုနှစ်တွင် ၉၉၇ ကား၊ ၂၀၁၈ ခုနှစ်တွင် ၆၃၆ ကား တိုးတက်ခွင့်ပြု ပေးနိုင်ခဲ့ပါသည်။ ရုပ်ရှင်ရုံများကို Digital စနစ်သို့ ပြောင်းလဲဆောင်ရွက်ခဲ့ရာမှာ ၂၀၁၆ ခုနှစ်တွင် ရုပ်ရှင်ရုံ ၆၂ ရုံ၊ ပိတ်ကား ၇၄ ခု၊ ၂၀၁၇ ခုနှစ်တွင် ရုပ်ရှင်ရုံ ၉၅ ရုံ၊ ပိတ်ကား ၁၀၉ ခု၊ ၂၀၁၈ ခုနှစ်တွင် ရုပ်ရှင်ရုံ ၁၂၇ ရုံ၊ ပိတ်ကား ၁၄၆ ခုဖြင့် တိုးတက်ဖွင့်လှစ်လာနိုင်မှုနှင့်အတူ    ပြည်သူတို့အတွက်  အပန်းဖြေနိုင်ရေး စီစဉ်ဆောင်ရွက်နိုင်ခဲ့ပါသည်။

 

ရုပ်ရှင်လောကဖွံ့ဖြိုးရေးအတွက် ဝါရင့်အနုပညာရှင်များနှင့် မျိုးဆက်သစ်အနုပညာ ရှင်များအကြား ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့်  ဆွေးနွေးဖလှယ်ပွဲများ၊    အစုအဖွဲ့အလိုက်   စကားဝိုင်းများ၊   သင်တန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား   အမှတ်(၅၀)ကို ရုပ်ရှင်အနုပညာရပ်ဝန်းအဖြစ်သတ်မှတ်ပြီး ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာကို  ၂၇-၁-၂၀၁၈  ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့ပါသည်။ ဖွင့်လှစ်ခဲ့သည့်ကာလမှ ယနေ့အထိ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သည့်အလုပ်ရုံဆွေးနွေးပွဲ၊  စကားဝိုင်းဆွေးနွေးပွဲ(၁၀)ကြိမ်၊  ဇာတ်òန်းအခန်းကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့် ပတ်သက်သည့်ဆွေးနွေးပွဲ(၅)ကြိမ်၊      သင်တန်း(၃)ကြိမ်၊      ရုပ်ရှင်ဇာတ်ကားများကို  ကြည့်ရှုပြီး ဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာလေ့လာသော  Film Analysis ပြုလုပ်ခြင်း      (၁၀)ကြိမ်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ရုပ်ရှင်နှင့်ပတ်သက်သော စာအုပ်စာစောင်များ  ဖတ်ရှုနိုင်ရန်နိုင်ငံတကာပညာရှင်များ  ရေးသားသည့်စာအုပ်စာစောင်များကို စုစည်း၍ ရည်òန်း စာကြည့်တိုက်နှင့်      စာဖတ်ခန်းကိုလည်း ဖွင့်လှစ်နိုင်ခဲ့သည်။  ရုပ်ရှင်စတူဒီယိုများကိုပြင်ဆင်မွမ်းမံပြီး  ရုပ်ရှင်စတူဒီယို သုံးခုကိ ၉-၃-၂၀၁၉ ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါသည်။

 

a

 

သုတေသနပြုစုခြင်းနှင့် သတင်းအချက်အလက်များလွှင့်တင်ခြင်း


ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ  သတင်းအချက်အလက်ဌာနခွဲသည် ပြည်သူတို့၏ သတင်းသိရှိပိုင်ခွင့်ကို ဖြည့်ဆည်းပေးမှုအနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ ခရိုင်၊ မြို့နယ်များရှိ  ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများမှ  သက်ဆိုင်ရာအစိုးရအဖွဲ့များ၏  ပြည်သူ့အကျိုးပြု      ဆောင်ရွက်ချက်သတင်းများ၊ ဒေသတွင်းသတင်းများ၊ ထူးခြားဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်သတင်းများ  ပေးပို့မှုကို ဝန်ကြီးဌာန Webportal တွင် အချိန်နှင့်တစ်ပြေးညီ လွှင့်တင်ဖော်ပြပေးလျက်ရှိပါသည်။    တစ်ချိန်တည်းမှာပင်  နိုင်ငံပိုင်မီဒီယာများဖြစ်သည့် MRTV နှင့် နိုင်ငံပိုင်သတင်းစာတိုက်များသို့လည်း  ၎င်းသတင်းများကို ပေးပို့လျက်ရှိနေပါသည်။

 

MOI Webportal Myanmar Facebook Page အား ၂၀၁၃ ခုနှစ် မတ်၃၁ ရက်တွင် စတင်တည်ထောင်ခဲ့ပါသည်။ Page တွင် Like 1392697 (1.3 M)နှင့်  Followers  1398413  (1.3  M)ရှိပါသည်။ အဆိုပါ Facebook Page တွင်နိုင်ငံတော်အကြီးအကဲသတင်းများ၊ ထူးခြားဖြစ်စဉ်သတင်းများ၊ ဒေသတွင်းသတင်းများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာသတင်းများ ထုတ်ပြန်ကြေညာချက်များအား  နေ့စဉ်လွှင့်တင်ပေးလျက်ရှိပြီး      တစ်ရက်လျှင်သတင်းပုဒ်ရေ ၁၀ဝ ခန့် လွှင့်တင်ပေးလျက်ရှိပါသည်။

 

Myanmar Information Twitter အား ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင် စတင်တည်ထောင်ခဲ့ပါသည်။ Twitter တွင် Followers (20.6k) ရှိပြီး နိုင်ငံတော်အကြီးအကဲသတင်းများ၊  ထူးခြားဖြစ်စဉ်သတင်းများ၊ ဒေသတွင်းသတင်းများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာသတင်းများ  ထုတ်ပြန်ကြေညာချက်များအား English Version ဖြင့် လွှင့်တင်ပေးလျက်ရှိပါသည်။

 

MOI Myanmar Viber Public Chat အား ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင်   စတင်တည်ထောင်ခဲ့ပါသည်။ Viber Public Chat တွင် Followers (1.4 k) ရှိပြီး နိုင်ငံတော်အကြီးအကဲသတင်း များ၊ ထူးခြားဖြစ်စဉ်သတင်းများ၊ ဒေသတွင်းသတင်းများ၊ သဘာဝဘေးအန္တရာယ်သတင်းများ   ထုတ်ပြန်ကြေညာချက်များအား လွှင့်တင်ပေးလျက်ရှိပါသည်။

 

ထို့ပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍  ၂၀၁၆  ခုနှစ် Myanmar Rehabilitation Facebook Page အားဖွင့်လှစ်၍      သဘာဝဘေးအန္တရာယ်ဆိုင်ရာသတင်းများ  လွှင့်တင်ပေးလျက်ရှိပါသည်။ ထို့အတူ နိုင်ငံ့အတွက် အရေးပါသည့်ကဏ္ဍစုံအတွက်  စာတမ်းများလေ့လာပြုစုတင်ပြခြင်း၊ မြန်မာ့ရေးရာဂျာနယ်၊ တိုင်းရင်းသားရေးရာဂျာနယ်နှင့် ကမ္ဘာ့ရေးရာဂျာနယ်များ ထုတ်ဝေခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။

 

တွဲလက်ညီညီရှေ့သို့ချီ


ဆိုရပါလျှင်  ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဝန်ထမ်းများသည်စည်းလုံးညီညွတ်မှု၊  ပြည်သူနှင့်အတူတစ်သွေးတည်း  တစ်သားတည်းရှိမှုတို့ဖြင့် “ပြည်သူ့အတွက် တို့ပြန်/ဆက်၊ တွဲလက်ညီညီ ရှေ့သို့ချီ”ဆောင်ပုဒ်နှင့်အညီ ပေးအပ်လာသော လုပ်ငန်းတာဝန်များကို ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။  အနာဂတ်ကာလများတွင်လည်း  ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို  ရင်ဆိုင်ကျော်လွှားရင်း  ပြည်သူ့အတွက်    သတင်းအချက်အလက်နှင့် အသိပညာဗဟုသုတတိုးပွားစေမည့် ဝန်ဆောင်မှုလုပ်ငန်းများကို အတွေးသစ်၊ အကြံသစ်များဖြင့် အမြဲမပြတ် ပုံဖော်ကြိုးပမ်းဆောင်ရွက်နိုင်ရန်  ဆတက်ထမ်းပိုးတိုး၍ ကြိုးပမ်းဆောင်ရွက်နေမည်ဖြစ်ပါကြောင်း။    

 

မင်းသန်းနိုင်(မုဒုံ)