ပြည်ပရောက် မြန်မာနိုင်ငံသားများအား ပြန်လည်ပို့ဆောင်ပေး

၂၄-၁၁-၂၀၂၀ ရက်၊ ဆိုးလ်မြို့

COVID-19 ကူးစက်ရောဂါကာလအတွင်း၌ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားရောက်ရန် စောင့်ဆိုင်းနေကြသည့် မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ တစ်ပတ်လျှင်တစ်ကြိမ် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲနိုင်ရေး စီစဉ်ပေးလျက်ရှိရာ ၂၄-၁၁-၂၀၂၀ ရက်တွင် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းဖြင့် (၃၂) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲပေးခဲ့သည်။ 

အဆိုပါလေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ၁၆:၀၀ နာရီအချိန်တွင် ထွက်ခွာခဲ့ပြီး အီတလီမှ မြန်မာနိုင်ငံသား (၂) ဦး၊ ဂျာမနီမှ (၄) ဦး၊ ဗြိတိန်မှ (၁) ဦး၊ ကနေဒါမှ (၂) ဦး၊ နော်ဝေမှ (၅) ဦး၊ အမေရိကန်ပြည်ထောင်စုမှ (၉) ဦး၊ ကိုရီးယားမှ (၆၉) ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား (၉၂) ဦးတို့မှ စီးနင်းလိုက်ပါခဲ့ပါသည်။ လိုက်ပါမည့် ခရီးသည်များ လေဆိပ်၌ အခက်အခဲ တစ်စုံတစ်ရာမရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးဝန်ထမ်းများသည် လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။

#Ministry of Foreign Affairs Myanmar