ပြည်ပမှာ ဆေးကုသမှုခံယူမယ်ဆို ဘာတွေသိထားရမလဲ

၂၃ စက်တင်ဘာ

 

လူတိုင်းအတွက် အဖိုးမဖြတ်နိုင်တဲ့အရာတစ်ခု ရှိပါတယ်။ ဒါကတော့ ကျန်းမာရေးပါ။ ကျန်းမာရေးကောင်းမှ လူမှုရေးရော စီးပွားရေးကိုပါ ကောင်းကောင်းလုပ်ဆောင်နိုင်မှာပါ။ အရင်ကကျန်းမာရေးကို ပြည်တွင်းမှာပဲ ကုသကြတာများပေမယ့် အခုနောက်ပိုင်းတော့ ပြည်ပမှာပါ ဆေးကုသမှုခံယူကြတာက အဆန်းတကြယ် မဟုတ်လှတော့ပါဘူး။ ဒါကြောင့် ရောဂါတစ်ခုခုခံစားနေရလို့ ပြည်ပမှာသွားရောက်ပြီး ဆေးကုသမှုခံယူဖို့ အစီအစဉ်ရှိတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို အရင်ဖတ်ကြည့်လိုက်ပါနော်။

 

ပြည်ပမှာဆေးကုသမှုခံယူတော့မယ်ဆိုရင်


ဆေးကုသမှုခံယူတော့မယ်ဆိုရင် အသေအချာ နားလည်ပြီး ရွေးချယ်နိုင်ဖို့က အဓိကကျပါတယ်။ အခုနောက်ပိုင်းက မြန်မာနိုင်ငံတွင်းကနေတင် ပြည်ပကဆေးရုံတွေမှာကုသမှုခံယူဖို့ ဆွေးနွေးတိုင်ပင်လို့ရတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေက တစ်ခုမကရှိလာပါတယ်။ ရွေးချယ်စရာများလာတာက ကောင်းတဲ့အချက်တစ်ခုပါ။ ဒီလိုရွေးချယ်စရာအများကြီးထဲမှာမှ သေချာလေးရွေးချယ်တတ်မှလည်း ကျန်းမာရေးအတွက် စိတ်ချယုံကြည်ရတဲ့ စောင့်ရှောက်မှုကိုရရှိမှာဖြစ်ပါတယ်။

 

နိုင်ငံခြားထွက်ဆေးကုသမယ့်သူတွေအတွက် ကြုံတွေ့ရတတ်တဲ့ ပြဿနာများ။

 

ဆက်သွယ်ပြောဆိုမှု အခက်အခဲ။ ဘာသာစကား မတူတဲ့ပြဿနာကြောင့် ဆေးရုံတာဝန်ရှိသူတွေ၊ ကုသသူတွေနဲ့ လူနာအကြားမှာ ဆက်သွယ်ပြောဆိုမှု အခက်အခဲတွေနဲ့ နားလည်မှုလွဲမှားတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။


မျှော်မှန်းထားတာထက် လျော့နည်းတဲ့ဝန်ဆောင်မှု။ ပုဂ္ဂလိကဆေးရုံတွေမှာ အပြိုင်အဆိုင် လူနာခေါ်ဖို့အတွက် စွဲဆောင်မှုကောင်းတဲ့ ဝန်ဆောင်မှုတွေပြောတတ်ကြပေမယ့် တကယ်တမ်းလက်တွေ့မှာ ထင်ထားခဲ့သလို မဖြစ်ရတာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။

 

ငွေကြေးသယ်ဆောင်မှုပြဿနာ။ နိုင်ငံအချို့ရဲ့ ပြည်ဝင်ခွင့်ပေါ်လစီမှာ ငွေကြေးပမာဏ အများကြီး သယ်ဆောင်လာလို့မရတာမျိုး ရှိပါတယ်။ အဲဒီအခါ အထပ်ထပ်အခါခါ လွှဲရပို့ရတာတွေ၊ လွှဲလိုက်တဲ့ငွေကြေးကို ပြန်လည်လဲလှယ်ရတဲ့အခါ အချိန်ကုန် လူပင်ပန်းနဲ့ ငွေကြေးဆုံးရှုံးမှုဖြစ်ရတာတွေ ရှိတတ်ပါတယ်။

 

ကျန်းမာရေးအတွက် စိတ်ချရတဲ့ ကျန်းမာရေးဝန်ဆောင်မှုစနစ်ဖြစ်စေဖို့ ဘယ်လိုအချက်တွေကို ဂရုစိုက်ဖို့လိုမလဲ………
ကိုယ်တိုင်အတွက်ဖြစ်ဖြစ်၊ ချစ်ခင်ရတဲ့ မိသားစုဝင် တစ်ဦးတစ်ယောက်အတွက်ဖြစ်ဖြစ် ပြည်ပမှာဆေးကုသမှုခံယူစေဖို့ ဆေးရုံ၊ ကျန်းမာရေးဝန်ဆောင်မှု တစ်ရပ်ရပ်ကို ရွေးချယ်တဲ့အခါ ကိုယ်ရွေးချယ်တဲ့ဆေးရုံက ဘယ်လောက်ထိ စိတ်ချရမှုရှိမလဲ၊ ကိုယ့်အတွက် အဆင်ပြေပါ့မလားဆိုတာကို အောက်ပါအချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး သေချာလေးဂရုစိုက်ဖို့ လိုပါမယ်။

 

၁။ ကိုယ်သွားရောက်ကုသဖို့ စဉ်းစားထားတဲ့ဆေးရုံရဲ့ ကိုယ်စားလှယ်နဲ့ တွေ့ဆုံဆွေးနွေးပါ။

သွားရောက်ကုသမှုမယ့်ဆေးရုံက အစိုးရရဲ့ အသိအမှတ်ပြုမှုရရှိရဲ့လား
လူနာတွေကို အကောင်းဆုံးစောင့်ရှောက်မှုပေးနေရဲ့လား
တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေရှိရဲ့လား
ဘယ်လိုရောဂါမျိုးတွေကို အဓိကထားကုသမှုပေးနေတာလဲ
ဆေးရုံရဲ့ သန့်ရှင်းမှုစနစ်ကရောဘယ်လိုလဲ
ဘယ်လိုကျန်းမာရေးဝန်ဆောင်မှုတွေရနိုင်လဲ
ဆေးကုသမှုမှတ်တမ်းကောင်းတွေပိုင်ဆိုင်ထားရဲ့လား
ဆေးရုံဆင်းပြီးနောက်ပိုင်းမှာရော ဘယ်လိုကျန်းမာရေးစောင့်ရှောက်မှုတွေပေးလဲဆိုတဲ့ အချက်တွေကို သေချာမေးမြန်းတိုင်ပင်ဖို့ လိုအပ်ပါတယ်။

 

၂။ ဆေးရုံအကြောင်းနဲ့ ရရှိထားတဲ့ အသိအမှတ်ပြုလက်မှတ်တွေအကြောင်း သေချာလေ့လာဖတ်ရှုပါ။

 

၃။ ဘာသာစကားကြောင့် ပြဿနာမဖြစ်ရအောင် စီစဉ်ထားရှိပါ။

 

၄။ ကိုယ်နဲ့အတူ ဆေးမှတ်တမ်းတွေအကုန် ယူဆောင်သွားဖို့ မမေ့ပါနဲ့။

 

၅။ ကုသမှုအတွက် ငွေကုန်ကြေးကျနဲ့ အခြားကုန်စရိတ်များကို တွက်ဆပြီး အကောင်းဆုံးနေရာကိုရွေးချယ်ပါ။

 

နိုင်ငံခြားသွားပြီး ဆေးကုသမယ့်သူတွေအနေနဲ့ ဒီအချက်တွေအားလုံးနဲ့ ပြည့်စုံတဲ့ဆေးရုံကို ရှာဖွေနေတယ်ဆိုရင် ထိုင်းနိုင်ငံအခြေစိုက် ဝေ့ဌာနီ (Vejthani Hospital) ဆေးရုံကို ညွှန်းဆိုချင်ပါတယ်။ ဒီဆေးရုံဟာ သန္ဓေသားဆိုင်ရာကုသမှုမှာ အမေရိကန်အဖွဲ့အစညး်တစ်ခုဖြစ်တဲ့ JCI မှ ပေးအပ်တဲ့ Clinical Care Program Certification (CCPC) အသိအမှတ်ပြုလက်မှတ်ကို ကမ္ဘာပေါ်မှာ ပထမဆုံးအနေနဲ့ ရရှိထားတာပါ။ ကုတင် ၅၀ဝ ဆန့် ဝေ့ဌာနီဆေးရုံကြီးမှာ ဆရာဝန်အင်အား အယောက် ၃၀ဝ နီးပါး သူနာပြုအင်အား အယောက် ၂၀ဝ ခန့်နဲ့ နိုင်ငံတကာက လူနာတွေကို အကောင်းဆုံးကုသမှုတွေပေးနေပါတယ်။ ဒီဆေးရုံရဲ့နောက်ထပ်အားသာချက်တစ်ခုက လူနာတွေကို လေယာဉ်နဲ့ ပို့ဆောင်ပေးနိုင်မှုတစ်ရပ်ပါ။ နှလုံးရောဂါ၊ လိပ်ခေါင်း၊ အရိုးအကြော၊ ကင်ဆာနဲ့ အမျိုးသမီးရောဂါတွေအပါအဝင် ရောဂါတော်တော်များများကို တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေကိုယ်တိုင် အထိရောက်ဆုံး ကုသမှုတွေပေးနေတာပါ။ ဘာသာစကားအခက်အခဲ မရှိအောင်လည်း မြန်မာဘာသာပြန် အပါအဝင် တခြားဘာသာစကား ဘာသာပြန်တွေနဲ့လည်း စီစဉ်ပေးထားလို့ ဘာသာစကားအခက်အခဲကြောင့် ပြဿနာမရှိနိုင်ပါဘူး။ မြန်မာကျပ်ငွေအပါအဝင် ဘယ်လိုငွေကြေးမျိုးပဲ ကိုင်ဆောင်လာသည်ဖြစ်စေ ဆေးရုံမှာတင်ရှိတဲ့ ငွေကြေးလဲလှယ်ရေးကောင်တာမှာ အလွယ်တကူလဲလှယ်လို့ရတယ်။ ဒါကြောင့် နိုင်ငံရပ်ခြားမှာဆေးသွားကုသဖို့ ပြင်ဆင်ရှာဖွေနေတယ်ဆိုရင် နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်တွေ ရရှိထားပြီး မြန်မာနိုင်ငံသားတွေအတွက်လည်း အစစအရာရာ အဆင်ပြေချောမွေ့တဲ့ ဝေ့ဌာနီဆေးရုံကြီးကို ရွေးချယ်နိုင်ပါတယ်။

 

ရေးသားသူ  - Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”