ပြည်ပအလုပ်အကိုင်ဆိုင်ရာ လုပ်ငန်းလိုင်စင်မရှိဘဲ ထိုင်းနိုင်ငံသို့ အလုပ်သမားများ စေလွှတ်ခဲ့သည့်သူများအား အရေးယူ

နေပြည်တော် ၁၈ ဇွန်

 

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ ဇွန် ၁၇ ရက်က သင်္ဃန်းကျွန်းမြို့နယ်၊ (ဆ/က)ရပ်ကွက်ရှိ သားမောင်ကြီးကုမ္ပဏီတွင် လုပ်ကိုင်သူ ဇော်ဝင်း(ခ)ဇော်ဝင်းဦး၊ ဖိုးချို(ခ)ဇေယျာဖြိုးနှင့် မြောက်ဥက္ကလာပ မြို့နယ် (ဋ)ရပ်ကွက်ရှိ Success Healthy World Co.,Ltd တွင် လုပ်ကိုင်သူ မဥမ္မာဖြိုး (ခ)မွန်မတို့သည် တရားဝင်နယ် ကိုယ်စားလှယ် ခွင့်ပြုမိန့်မရှိဘဲ ပြည်ပသို့ အလုပ်သမားစေလွှတ်ရန် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်မှ မောင်ရမ်လာချိုပါ (၈)ဦး၊ မောင်ဘင်ပရာဆပ်ပါ (၁၂)ဦးတို့အား အလုပ်သမား စုဆောင်းခဲ့ပြီး မောင်ရမ်လာချိုပါ (၈)ဦးမှာ သားမောင်ကြီးကုမ္ပဏီသို့ ငွေ(၇,၄၅၀,ဝ၀ဝ)ကျပ်အား လည်းကောင်း၊ မောင်ဘင်ပရာဆပ်ပါ (၁၂)ဦးမှာ Success Healthy World Co.,Ltd သို့ ငွေကျပ် (၁၀,၂၅၀,ဝ၀ဝ)ကျပ် လည်းကောင်း အသီးသီး ပေးဆောင်ခဲ့ရကာ ထိုင်းနိုင်ငံသို့ တရားမဝင် စေလွှတ်ခဲ့ကြောင်း စိစစ်တွေ့ရှိသဖြင့် အရေးယူပေးပါရန် တိုင်တန်းချက်အရ ဇော်ဝင်း(ခ) ဇော်ဝင်းဦး ပါ(၃)ဦးအား သင်္ဃန်းကျွန်းမြို့မ ရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

(ရဲပြန်ကြား)