ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအားကစားပြိုင်ပွဲများ ဖွင့်ပွဲကျင်းပ

တောင်ကြီး ၂၁ ဒီဇင်ဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) TSDP အစီအစဉ်အရ ကျင်းပသော ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံ (ဘောလုံး၊ မီနီမာရသွန်၊ ပြေးခုန်ပစ်၊ ဘော်လီဘော၊ တိုက်ကွမ်ဒို၊ မြန်မာ့သိုင်း၊ စက်ဘီး) အားကစားပြိုင်ပွဲများ ဖွင့်ပွဲကို ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲ ၃ နာရီတွင် ပြည်နယ်အားကစားကွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ 

 

4

 

ထို့နောက် ပြိုင်ပွဲဝင်အသင်းများက အားကစား သစ္စာအဓိဋ္ဌာန်ရွတ်ဆိုပြီး ပြိုင်ပွဲဝင် အားကစားအသင်းများက ပြိုင်ပွဲကွင်းမှ ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။ ဆက်လက်ပြီး အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူများက Myanmar Fitness Dance အကဖြင့် လည်းကောင်း၊ ပညာရေးကောလိပ်ကျောင်းမှ ကျောင်းသား/ကျောင်းသူများက ထာဝရမြန်မာအကဖြင့် လည်းကောင်း ဖျော်ဖြေတင်ဆက်ပေးခဲ့ကြောင်း သိရသည်။

 

47

 

စိုင်းသန်းကျော်(တောင်ကြီး)