ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် ၃၁ မေ 


တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်း ဆောင်ရွက်လျှက်ရှိရာ မေ ၂၈ ရက်မှ ၃၀ ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာ ဆိပ်ကမ်းအောက်ဘက်၊ ဂရိတ်ဝေါလ်ဝေမာစက်ရုံဆိပ်ကမ်းနေရာ၌ ရတနာစိန်ထွန်းမင်း အမည်ပါ တွန်းသင်္ဘောနှင့်ဘေးတွဲသံပေါ်မှ တရားမဝင်ကျွန်း/ သစ်မာ/ အခြားခွဲသား ခန့်မှန်း (၁၆ ဒသမ ၅) တန် နှင့် ပြစ်မှုကျူးလွန်သူ(၁)ဦးကိုလည်းကောင်း၊   

 

1


စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ စန္ဒားကြိုးပြင် ခုတ်ကွက်ကြီး(XXXII)အတွင်း တရားမဝင်သယ်ဆောင်လာသည့် အင်သစ်/ လုံးပတ် ၃ ပေအောက် အင်သစ် (၃၃ ဒသမ ၂၁၈၀)တန်၊ ယင်းမာပင်ခရိုင်၊ ဘုတလင်မြို့နယ်၊ ချောင်းဝကြီးရွာ၊ အနောက်ဘက် (၁)ဖာလုံခန့်အကွာ ချင်းတွင်းမြစ်အတွင်း တရားမဝင် ကျွန်း/သစ်ယာ/ အင်သစ်/ ခွဲသား (၇ ဒသမ ၂၉၆၀) တန်၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ ရေဦး-ကလေးဝကားလမ်း၊ မိုင်တိုင်အမှတ်၊ (၂၃/ဝ)အနီးနေရာ၌ မော်တော်ယာဉ်အမှတ်မပါ ထော်လာဂျီ (ဖြူစိမ်းကြား) (၆)ဘီးယာဉ်ပေါ်မှ တရားမဝင်သစ်ယာ/ အင်ခွဲသား (၅ ဒသမ ၇၅၉၄)တန်၊ ကသာခရိုင်၊ ဗန်းမောက် မြို့နယ်၊ ခေါင်းကိုက်ရွာ၏ အရှေ့တောင်ဘက်၊ မံမော်ကြိုးဝိုင်းအကွက် အမှတ်(၉၂)အတွင် တရားမဝင်ကျွန်း/အင်ကြင်းသစ်/ခွဲသား (၂၆ ဒသမ ၄၆၄၄)တန်၊ ပဲခူးတိုင်းသေကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ဝက်ခေါက်စိန်ကျေးရွာအနီးဝန်းကျင်တွင် တရားမဝင် ပျဉ်းကတိုးသစ်/ခွဲသား (၁၅ ဒသမ ၈၆၁၂)တန်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်-မိုးမိတ်လမ်းမိုင်တိုင်အမှတ်(၈/ဝ)အနီး ကျောက်ဖြူကျေးရွာ၏ မြောက်ဘက် (၃)ဖာလုံခန့် အကွာနေရာတွင် တရားမဝင်ကျွန်း/ပိတောက်/ တမလန်း/သစ်ယာ သစ်/ခွဲသားခန့်မှန်း(၂၅)တန်၊ တရားမဝင် သစ်စက်နှင့်ဆက်စပ်ပစ္စည်းများ၊ မတ္တရာမြို့နယ်၊ သပြေအိုက် ကျေးရွာအရှေ့ဘက်(၁)မိုင်ခန့်အကွာနေရာ၌ တရားမဝင်အင်/ပျဉ်းကတိုးသစ်/ခြမ်း (၉ ဒသမ ၂၉၄၀)တန်၊ စဉ့်ကူးမြို့နယ်၊ အောက်မတ္တရာတိုးချဲ့ကြိုးဝိုင်းအကွက်အမှတ်(၄၉၊၅၀)၊ သပြေအိုက် ကျေးရွာအနီးတွင် တရားမဝင်အင်/ပျဉ်းကတိုးသစ် (၂၁ ဒသမ ၆၆၄)တန်၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(ဝ/၄) အနီးနေရာ၌ မော်တော်ယာဉ်အမှတ်(5J/----) ALPHARD (အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား (၁ ဒသမ ၂၉၄၂)တန်၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်း၊ မိုင်တိုင်အမှတ် (၃၅၄/၃)ဝဲဘက် (၄)ဖာလုံခန့်အကွာတောစပ်နေရာမှ တရားမဝင် ပိတောက်ဓါးရွေ (၄ ဒသမ ၈၃၆၀)တန် တို့အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဉီးစီးဌာနမှ သိရသည်။ 


မောင်လူမော်

 

1