ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန်(၁၁)လမ်းတွင် မီးလောင်မှုဖြစ်ပွား

ပြည်ကြီးတံခွန် ၅ မတ်

 

 

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန်(၁၁)လမ်းတွင် ယနေ့ ညနေ ၆ နာရီ ၁၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 2 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်လျှက်ရှိပြီး ညနေ ၆ နာရီ ၂၃ မိနစ်တွင် Level 3 ယာဉ်အုပ်စုများဖြင့် ငြှိမ်းသတ်ခဲ့ရသည်။

 

 

ညနေ ၆ နာရီ ၃၈ မိနစ်တွင် မီးထိန်းနိုင်ပြီး ၆ နာရီ မိနစ် ၄၀ တွင် မီးငြိမ်းကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။

 

MDN

Ref. Myanmar Fire Service Department