ပြည်ခြားကျေးရွာ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ပေးခြင်း လုပ်ငန်းဆောင်ရွက်

ပလောက်   ၃၀  ဧပြီ

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြည်ခြားကျေးရွာ၌ ပြည်ခြားကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ပြည်သူအကျိုးပြု ကျန်းမာရေးကဏ္ဍအနေဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်မှုပြုနိုင်ပါရန် ပိုးလောက်လမ်းမှအစ ခြင်ပေါက်ဖွားမှု မရှိစေရေးအတွက် အဘိတ်ဆေးခတ်ပေးခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

 

အဆိုပါဆောင်ရွက်ရာတွင် ပြည်ခြားကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲမှ သားဖွားဆရာမ ဒေါ်ဖြိုးလဲ့ရည်နှင့်အဖွဲ့သည် ပြည်ခြားကျေးရွာ၌ နေအိမ်များတွင် ရေကန်များ၊ ရေတိုင်ကီများ၊ ပန်းအိုးများကိုပါ အဘိတ်ဆေးခတ်ပေးပြီး ဖုံး၊ သွန်၊ လဲစစ်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

နိုင်ဦး (ပလောက်ပြန်ဆက်)