ပညာရေးဝန်ကြီးဌာနကဖွင့်လှစ်မည့် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုမြှင့်တင်ရေးသင်တန်း ဝင်ခွင့်စာမေးပွဲ ခုံအမှတ်စာရင်းထုတ်ပြန်

နေပြည်တော် ၂၁ သြဂုတ် 

 

နေပြည်တော်ရှိ ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းများအတွက် ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်မည့် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုမြှင့်တင်ရေးသင်တန်း (English Language Proficiency Upgrading Course) သင်တန်းဝင်ခွင့် စာမေးပွဲကို နေပြည်တော်ရှိ အမှတ်(၅)နှင့် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် သြဂုတ် ၂၆ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီမှ ၁၁ နာရီအထိ ကျင်းပမည်ဖြစ်ရာ ခုံအမှတ်နှင့် စာဖြေဌာနတို့ကို သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ စာရင်းပေးပို့ထားကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ Website ဖြစ်သော www.moe.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းနှင့် သင်တန်းတက်ရောက်ခွင့်ရရှိသူ အမည်စာရင်းကိုလည်း သြဂုတ် ၃၁ ရက်တွင် ပညာရေးဝန်ကြီးဌာန Website တွင် ကြေညာထားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)