ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး Video Conferencing ဖြင့် ပညာရေးလုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေး

နေပြည်တော် ဧပြီ

 

ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ အင်တာနက် ကွန်ရက်အသုံးပြု Video Conferencing ပုံစံဖြင့် ပြုလုပ်သော ပညာရေးဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပါဝင်တက်ရောက်သည်။

 

အဆိုပါ ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အမျိုးသားပညာရေး မူဝါဒကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးရှိ တက္ကသိုလ်(၁၄)ခုမှ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ အခြေခံပညာရုံးများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးညွှန်ကြားရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ပါဝင်ဆွေးနွေးကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ၅၀ ရာခိုင်နှုန်း ရုံးတက်ရာတွင်လည်း ညွှန်ကြားချက်အတိုင်းလိုက်နာ ဆောင်ရွက်ရန်၊ စနစ်တကျရေနှင့်ဆပ်ပြာဖြင့် သို့မဟုတ် Hand Sanitizer ဖြင့် လက်ဆေးရန်၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ()ပေကွာရန်၊ ရုံးဆင်းချိန်တွင် ပိုးသတ်ဆေးဖြန်းရန်အတွက်လည်း ပူးပေါင်းဆောင်ရွက်ရန်၊ နိုင်ငံတော်၏ လိုအပ်ချက်အရ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များမှ စေတနာ့ဝန်ထမ်း (Volunteer) အဖြစ် ကူညီဆောင်ရွက်ရန်နှင့် အသုံးပြုနိုင်သော Facilities များအတွက် ပူးပေါင်းဆောင်ရွက်ရန် အကြောင်းကြားလာပါက တက္ကသိုလ်ပညာရေး အဖွဲ့/ နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးရုံးများ/ သက်ဆိုင်ရာ အိမ်ရာကော်မတီများ၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ပေးနိုင်ပါရန်၊ စာမေးပွဲဆိုင်ရာ လုပ်ငန်းများ၊ e-Learning, on-line courses များအတွက် အရည်အသွေးရှိသော ပညာရေးကိုဦးတည်၍ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

 

ယင်းနောက် ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများက ဆောင်ရွက်နေဆဲ ပညာရေးလုပ်ငန်းစဉ်များ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများ ဖြေရှင်းနိုင်ရေးတို့ကို ဆွေးနွေးညှိနှိုင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များက ပြန်လည်ရှင်းလင်းနွေးကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်ဝင်စာမေးပွဲများအားလုံး အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သဖြင့် တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ၊ မိဘအုပ်ထိန်းသူ ပြည်သူများအားလုံးတို့ကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ဆက်လက်ဆောင်ရွက်ရမည့် စာစစ်လုပ်ငန်းများ၊ သင်ကြားသင်ယူမှုနည်းလမ်းသင်တန်းများ၊ e-Learning, on-line နည်းပညာများအသုံးပြု ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးနေပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ထိန်းချုပ်ရေးနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ဆွေးနွေးမှာကြားသည်။

 

သတင်းစဉ်