ပန်လုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ရေအခက်အခဲမရှိရန် (HDPE)ရေပိုက်များ လှူဒါန်း

ပန်လုံ ၁၇ ဇူလိုင်

 

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင် ပန်လုံမြို့ အခြေခံပညာအထက်တန်းကျောင်း တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်၊ ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမများ ရေ အခက်အခဲမရှိစေရန် ရည်ရွယ်၍ ပန်လုံမြို့၊ အထွေထွေအုပ်အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးအာကာထွန်းသိန်းက ယမန်နေ့ နံနက်ပိုင်းက(HDPE) ပိုက်များကို လှူဒါန်း ပေးခဲ့သည်။

 

အဆိုပါ ရေပိုက်များကို ရေထွက်ပင်ရင်းမှ အထကကျောင်းသို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၏လုပ်အားဖြင့် သွယ်တန်းပေးသွားမည်ဖြစ်ပြီး အရှည်အားဖြင့် ပေ ၁၅၀၀ ရှိသည်။ ရေရရှိပါက ကျောင်းသူ ကျောင်းသားများအတွက် လက်ဆေးကန်များ၊ ရေအိမ်များနှင့် ဆရာ ဆရာမနေအိမ်များသို့ သွယ်တန်းအသုံးပြုနိုင်မည်ဖြစ်
ပါသည်။

 

ပန်လုံမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၉၄၀ တွင် တည်ရှိပြီး တောင်ပေါ်ဒေသဖြစ်သောကြောင့် နှစ်စဉ်ရေအခက်အခဲနှင့် ကြုံတွေ့ရသဖြင့် ယခုကဲ့သို့ လှူဒါန်းပေးရခြင်း
ဖြစ်ကြောင်း သိရသည်။

 

ပန်လုံ(ပြန်/ဆက်)