ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဝန်ထမ်းမိသားစုများ၏ နိဗ္ဗာန်ဈေးပွဲတော် ကျင်းပ

ဇေယျာသီရိ   ၁၁   နိုဝင်ဘာ 

 

ယနေ့ကျရောက်သည့် သာမညဖလအခါတော်နေ့ တန်ဆောင်မုန်းလပြည့်နေ့ ညနေတွင် မြန်မာတစ်နိုင်ငံလုံးရှိ အချို့နေရာများတွင် နိဗ္ဗာန်ဈေးပွဲတော်များကို ကျင်းပလျက်ရှိရာ ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဝန်ထမ်းမိသားစုများ၏ နိဗ္ဗာန်ဈေးပွဲတော်ကိုလည်း  ယနေ့ညနေပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ သတင်းစာတိုက် ဝန်ထမ်းအိမ်ရာအတွင်း၌ စည်ကားသိုက်မြိုက်စွာ  ကျင်းပသည်။

 

2

 

နိဗ္ဗာန်ဈေးပွဲတော်သို့ သတင်းစာတိုက်များမှ ဝန်ထမ်းမိသားစုများအပြင် အနီးဝန်ကျင်ကျေးရွာများမှ ကျေးရွာသူ ကျေးရွာသားများလည်း လာရောက်၍   အခမဲ့ ထုတ်ပေးသည့် ဈေးဝယ်ခွင့်လက်မှတ်များ ရယူကာ မဲကျရာ ဆိုင်များတွင် သွားရောက်ထုတ်ယူပြီး တပျော်တပါး ပါဝင်ဆင်နွှဲကြသည်။

 

အဆိုပါ နိဗ္ဗာန်ဈေးပွဲတော်ကို မြန်မာ့အလင်း၊ ကြေးမုံ၊ နေပြည်တော် သတင်းစာတိုက်တို့မှ ဝန်ထမ်းမိသားစုများ စုပေါင်း၍ ပြီးခဲ့သည့်နှစ်က စတင်ကျင်းပခြင်းဖြစ်ရာ ယခုနှစ်ဆိုလျှင် နှစ်ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။ ယခုနှစ်ဈေးပွဲတော်တွင် ကုသိုလ်ပြုလှူဒါန်းသည့်  အဖွဲ့များမှ စားသောက်ဖွယ်ရာမျိုးစုံပါဝင်သည့် ဆိုင်ခန်းပေါင်း ၇၀ ကျော်ဖြင့် ထည့်ဝင်လှူဒါန်းငွေ စုစုပေါင်း  ၁၃ သိန်းကျော် ရှိကြောင်း သိရသည်။

 

8

 

တင်မောင်လွင်