ပြင်ဦးလွင်နှင့် လှိုင်သာယာမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ၂၅  ဖေဖော်ဝါရီ

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့ သည် ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၇ နာရီခွဲက  ပြင်ဦးလွင်မြို့၊ အမှတ်(၁၂)ရပ်ကွက်၊ သံလွင်လမ်း သွယ်(၃)လမ်းနေ ကျော်ဟိန်းစိုး(ခ)အာနိုး၏ နေအိမ်ကိုရှာဖွေရာ ၎င်းနှင့်အတူ သူရှိန်းအောင်၊ ရန်နိုင်ဝင်း(ခ)ချစ်ဖြူ၊ ရန်လင်းဇေယျာအောင် (ခ)ကတုံးတို့အား တွေ့ရှိရပြီး နေအိမ် အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၄,၁၀၃ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊

 

ကွင်းဆက်အရ ဝက်ဝံကျေးရွာ၊ ပိတ်ချင်းမြောင်လမ်းနေ ပြည့်ဖြိုးမောင် (ခ)ကိုပြည့်၏ နေအိမ်ကို ရှာဖွေရာ ၎င်းအား လက်ကိုင်ဖုန်းတစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်၍ ထုံးဘိုကျေးရွာ အုပ်စု၊ ရေသရောက်ကုန်းကျေးရွာနေ စိုင်းအောင်တင်၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၅၄၃ ပြား၊ လက်ကိုင်ဖုန်း တစ်လုံးနှင့် KLUGER မော်တော်ယာဉ်တစ်စီးတို့ကို သိမ်းဆည်းရမိသည်။

 

အလားတူ ယင်းနေ့ နံနက် ၈ နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လှိုင်သာယာမြို့နယ်၊ ကုလားကြီးစုကျေးရွာအုပ်စု၊ ကုလားကြီး စုကျေးရွာနေ ဇော်မင်းသူ(ခ)ဝတုတ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ HONDA CR-V မော်တော်ယာဉ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၀ဝ ၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် ဓားဦးချွန် ၅ ချောင်းတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား