ပြင်ဦးလွင် ၂၄ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် လိုင်စင်မဲ့ မော်တော်ယာဉ်များအား စက်တင်ဘာ ၂၃ ရက်မှ စတင်၍ တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ရပ်ကွက်ကြီး (၁)၊ မန္တလေး-လားရှိုးလမ်းမ၊ တပ်မတော် နည်းပညာတက္ကသိုလ် ဂိတ်(၂) ရှေ့တွင် လိုင်စင်မဲ့ မော်တော်ယာဉ်များအား စစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့ စစ်ဆေးဆောင်ရွက်စဉ် ယာဉ်နှင့်ပတ်သတ်၍ အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိသည့် လိုင်စင်မဲ့ မော်တော်ယာဉ် (၁၈) စီးနှင့် ယာဉ်မောင်း (၁၈) ဦးတို့အား အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇော်မျိုးထိုက် (ပြင်ဦးလွင်)


