ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ်သိန်း ၈၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဇန်နဝါရီ ၁၃  

 

ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ်သိန်း ၈၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၁ ရက် ညနေ ၄ နာရီက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မိုးကြိုး ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ စစ်ကိုင်းတိုင်းဒေသကြီးသို့ ကျော်စံမင်း မောင်းနှင်ပြီး ဇော်မင်းဦးနှင့် အောင်ဗလတို့ လိုက်ပါလာသည့် NISSAN ၁၀ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလ တန်ဖိုး ငွေကျပ်သိန်း ၈၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၃၀ ဒသမ ၈ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၂၈၀၀ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ဇန်နဝါရီ ၁၂ ရက် နံနက် ၇ နာရီခွဲတွင် မန္တလေးမြို့၊ (၁၆)မိုင်စစ်ဆေးရေးဂိတ်၌ မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် ဦးစီးသယ်ဆောင်သူများ ဖြစ်ကြသည့် အောင်နိုင်နှင့် ဖိုးဇော်တို့ ၂ ဦးအား SURF မော်တော်ယာဉ်တစ်စီးနှင့်အတူ ဆက်လက် ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ ၅ ဦးကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။  

သတင်းစဉ်