ပြင်ဦးလွင်မြို့၌ (၅၉) ကြိမ်မြောက် သံဃာ့ဒါန ဆွမ်းတော်ကြီး လောင်းလှူပူဇော်ပွဲကျင်းပ

ပြင်ဦးလွင်  ၁၃  အောက်တိုဘာ

 

ပြင်ဦးလွင်မြို့  ရပ်ကွက်ကြီး(၅)၊  ပြည်တော်သာဓမ္မာရုံ၌ ယနေ့ နံနက် ၇ နာရီက သီတင်းကျွတ် လပြည့် (အဘိဓမ္မာ အခါတော်)နေ့တွင် (၅၉) ကြိမ်မြောက် သံဃာ့ဒါန ဆွမ်းတော်ကြီးလောင်း လှူပူဇော်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါ သံဃာ့ဒါန ဆွမ်းတော်ကြီးလောင်းလှူပူဇော်ပွဲတွင်  ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ  သံဃာတော်အပါး (၃၅၀) ပါးကျော်အား ပင့်ဖိတ်ပြီး  အလှူရှင်ပြည်သူများမှ သဒ္ဒါတရား ထက်သန်စွာဖြင့်  ဆွမ်း၊ သင်္ကန်း၊ ဝတ္တုငွေ၊ ပစ္စည်း၊ လှူဖွယ်ဝတ္တု အစုစုတို့ကို လောင်းလှူပူဇော်ကြပြီး ညချမ်းအချိန်ခါတွင် နိဗ္ဗာန်ဈေးပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

ဇော်မျိုးထိုက် ( ပြင်ဦးလွင်)