ပြင်ဦးလွင်မြို့အား ဆေးလိပ်ငွေ့ကင်းစင်သောမြို့အဖြစ် အကောင်ထည်ဖော်ဆောင်ရွက်

ပြင်ဦးလွင် ၂၃ ဧပြီ

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ပြင်ဦးလွင်မြို့အား ဆေးလိပ်ငွေ့ ကင်းစင်သောမြို့အဖြစ် အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

ေေ

 

"ကျွန်တော်တို့ ဆေးလိပ်သောက်ကြတယ်။ ကိုယ့်သားသမီးကိုတော့ ဆေးလိပ်မသောက်စေချင်သူကများတယ်။ ဆေးလိပ်သောက်ခြင်းကြာင့် ပိုက်ဆံကုန်မယ်။  ကျမ်းမာရေးထိခိုက်တယ်ဆိုတာ အားလုံးသိထားကြပါတယ်။ တစ်မြို့လုံးအတိုင်းတာ လုပ်ဆောင်တာဖြစ်တဲ့အတွက် နိုင်ငံခြားသားတွေ လာရောက်လည်ပတ်ကြတဲ့အခါ ဆေးလိပ်ငွေ့ကင်းစင်မြို့တော်အဖြစ် ဂုဏ်ယူနိုင်ပါတယ်" ဟု ခရိုင်ကျန်းမာရေးမှူး ဒေါက်တာသန်းဝင်းက ပြောသည်။

 


ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ အားကစားရုံများ၊ အားကစားကွင်းများ၊ ဘာသာရေး အဆောက်အဦများ၊  လူအများစုဝေးသည့် နေရာများတွင် ဆေးလိပ်သောက်ခွင့်မရှိသော နေရာများ သတ်မှတ်ပေးခြင်း၊ အသိပညာပေး ဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်း၊ ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာနှင့် တည်းခိုရိပ်သာတို့တွင် ဆေးလိပ်သောက်ခွင့် မရှိသောနေရာ၊ ရှိသော နေရာများသတ်မှတ်ပေးခြင်း စသည်တို့ကို အသိပညာပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

ိိ

 


ထို့နောက် ဆေးလိပ်ရောင်းချသောဆိုင်များကို တစ်လိပ်ချင်း ရောင်းချခြင်းမပြုရန်နှင့် အသက် (၁၈)နှစ် မပြည့်သောသူအား ရောင်းချခြင်းမပြုရန် မြို့နယ်တာဝန်ရှိသူများဖြင့် ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ခရိုင်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

အောင်သူ(ပြင်ဦးလွင်)