ပင်းတယမြို့နယ်အတွင်း ညောင်ရွှေငါးလုပ်ငန်းစခန်းမှ ငါးမျိုးများစိုက်ထည့်

ပင်းတယ ၂၇ ဇွန်

 

ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးကျော်သီဟထွေးနှင့်အတူ ပင်းတယမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်မမလေး၊ ပင်းတယမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးစိုးမြင့်၊ ရှမ်းပြည်နယ် ဟိုတယ်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်ထွေး၊ ဓနုတိုင်းရင်းသားရေးရာ ဥက္ကဋ္ဌ ဦးနေမျိုးကျော်၊ ညောင်ရွှေငါးလုပ်ငန်းစခန်း တာဝန်ခံ ဒေါ်မိမိခိုင်နှင့် ဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့်အတူ ညောင်ရွှေငါးလုပ်ငန်းစခန်းမှ ငါးမြစ်ချင်း ကောင်ရေ ၆၀၀၀၀၊ ရွှေဝါငါးကြင်းကောင်ရေ ၆၀၀၀၀ နှင့် မြက်စားငါးကြင်းကောင်ရေ ၃၀၀၀၀၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၁၅၀၀၀၀ တို့အား ပင်းတယမြို့နယ်အတွင်းရှိ ပုန်းတလုတ်ကန်၊ ကြာအင်းကန်နှင့် အင်းလျားအင်းကန်များအတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်