ပြင်သစ်သမ္မတရွေးကောက်ပွဲတွင် မက်ခရွန် အနိုင်ရ

ဧပြီ ၂၅ 

 

လက်ရှိပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်သည် နိုင်ငံ၏သမ္မတရွေးကောက်ပွဲတွင် လက်ယာယိမ်း ပါတီကိုယ်စားလှယ် မယ်ရီလီပန်ကို အနိုင်ရပြီးနောက် သမ္မတ ဒုတိယသက်တမ်းထမ်းဆောင်မည်ဖြစ်သည်။

 

မက်ခရွန်သည် မဲအရေအတွက် ၅၈ ဒသမ ၅၅ ရာခိုင်နှုန်းရရှိခဲ့ပြီးနောက် မဲအရေအတွက် ၄၁ ဒသမ ၄၅ ရာခိုင်နှုန်းရရှိသော လီပန်ကို အနိုင်ရရှိခဲ့ခြင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနကဆိုသည်။

 

အသက် ၄၄ နှစ်အရွယ်ရှိသော မက်ခရွန်သည် ပြီးခဲ့သည့်ငါးနှစ်သမ္မတသက်တမ်းတွင် ပြင်သစ်နိုင်ငံ၏ အသက်အငယ်ဆုံးသမ္မတဖြစ်ခဲ့သည်။

 

မက်ခရွန်သည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကာကွယ်ရေးဆိုင်ရာစီမံချက်များအပါအဝင် ပြီးခဲ့သည့် ငါးနှစ်အတွင်း ၎င်း၏ အောင်မြင်မှုများဖြင့် ယခုအချိန်တွင် ထောက်ခံမှုရရှိခဲ့ခြင်း ဖြစ်သည်။

 

ပြင်သစ်နိုင်ငံသည် ယခုနှစ်ပထမနှစ်ဝက်တွင် အီးယူကောင်စီ၏ဉက္ကဌရာထူး ရယူထားသည်။

 

ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို