ပြင်သစ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ စံချိန်တင် ကူးစက်မှုဖြစ်ပွား

ဒီဇင်ဘာ ၈

 

ပြင်သစ်နိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူ ၅၉၀၁၉ ဦးရှိသည်။ ထိုစံချိန်တင်ကူးစက်မှုသည် ၂၀၂၀ ခုနှစ် နိုဝင်ဘာလနောက်ပိုင်းတွင် ဖြစ်ပွားခြင်းဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် တစ်ရက်အတွင်း ၁၆၈ ဦး သေဆုံးခဲ့သည်။ နိုင်ငံတစ်ဝန်းတွင် ဆေးရုံတက်နေဆဲလူနာ ၁၂၇၁၄ ဦးရှိသည်။

 

တတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံရေး လှုပ်ရှားမှုပြုလုပ်သည့် စက်တင်ဘာလ ၁ ရက်နေ့မှစတင်ကာ ကိုဗစ်အားဖြည့်ကာကွယ်ဆေးထိုးနှံမှုခံယူပြီးသူပေါင်း ၁၁၆၁၉၈၃၁ ဦး ရှိသည်။

 

ကိုဗစ်-၁၉ ကူးစက်မှုထိန်းချုပ်ရေးအတွက်  ယခုသီတင်းပတ်မှစတင်ကာ နိုက်ကလပ်များပိတ်ထားရန်၊ ကလေးများအတွက် ကာကွယ်ဆေးများထိုးပေးရန်အစီအစဉ်ကိုချမှတ်ထားပြီး စာသင်ကျောင်းများတွင် ပါးစပ်၊ နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်ထားကြရန်စသည့် အစီအမံသစ်များကို ချမှတ်ထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန််-မြင့်မြင့်ချို