ပြင်သစ်နိုင်ငံက ဗြိတိန်နိုင်ငံမှ ဝင်ရောက်လာသူများအား ကန့်သတ်ချက်တင်းကျပ်

ဒီဇင်ဘာ ၁၇

 

ပြင်သစ်နိုင်ငံအစိုးရက ဗြိတိန်နိုင်ငံတွင် အိုမီခရွန်ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများဖြစ်ပွားနေသဖြင့် ၎င်းနိုင်ငံမှဝင်ရောက်လာသူများအား ကန့်သတ်ချက်တင်းကျပ်မည်ဟု ဆိုသည်။

 

ဗြိတိန်နိုင်ငံမှ စီပွားရေးလုပ်ငန်းနှင့်ခရီးသွားများ ခရီးသွားလာမှုကိုပိတ်ပင်မည်ဖြစ်ကြောင်း ၎င်းအစိုးရက ယမန်နေ့က ပြောကြားသည်။

 

သို့ရာတွင် ပြင်သစ်နိုင်ငံမှတဆင့်နေရပ်သို့ပြန်လာသော အခြားဉရောပနိုင်ငံသားများနှင့် ပြင်သစ်နိုင်ငံသားများ အပါအဝင် အချို့သောလူများကို ဝင်ခွင့်ပြုမည်ဟု ၎င်းတို့ကဆိုသည်။

 

ကိုဗစ်ဆိုင်ရာစည်းမျဉ်းသစ်တွင် ဗြိတိန်နိုင်ငံမှလာရောက်သူမည်သူမဆို မထွက်ခွာမီ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်မှု မရှိကြောင်းဆေးစစ်ချက် လက်မှတ်တင်ပြရန်လိုအပ်သည်။

 

ပြင်သစ်နိုင်ငံသို့ရောက်ရှိလာသူများသည် ခုနစ်ရက်ကြာ သီးသန့်ခွဲခြားနေထိုင်ရမည် ဖြစ်သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို