ပြင်သစ်နိုင်ငံ ဘဲမွေးမြူရေးခြံ၌  ကြက်ငှက်တုပ်ကွေးရောဂါတွေ့ရှိ

 

ပါရီ အောက်တိုဘာ ၁၀

 

ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း ဂီရွန်ဒီဌာန ဘဲမွေးမြူရေးခြံတစ်ခု၌ ရောဂါကူးစက်မှု မြင့်မားသည့် ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားခဲ့ကြောင်း  ပြင်သစ်နေ့စဉ် သတင်းစာ လီဖီဂါရိုက အောက်တိုဘာ ၈ ရက် တွင် ထုတ်ပြန်ထားသည်။

 

ပြင်သစ်  နေ့စဉ်သတင်းစာ  လီဖီဂါရို၏  ပြောကြားချက်အရ  ပိုင်ရှင်မှာ ပါရီမြို့  အရှေ့ပိုင်းဌာနတစ်ခုရှိ  ခြံတစ်ခုတွင်  တိရစ္ဆာန်များကို ရောဂါကူးစက်ခံရသည်ကို မသိရှိဘဲ ဝယ်ယူခဲ့ကြောင်း သိရသည်။ 

 

ရောဂါဖြစ်ပွားမှု ဝန်းကျင်တွင် ဒေသဆိုင်ရာအာဏာပိုင်များက စည်းကမ်းထိန်းသိမ်းရေးနှင့် စောင့်ကြည့်ရေးဇုန်များကို သတ်မှတ်ပေးထားကြောင်း သိရသည်။ အဆိုပါ ကြက်ငှက်တုပ် ကွေးရောဂါ ကူးစက်မှုသည် ဌာနအတွင်း ဒုတိယ မြောက်ကူးစက်မှု ဖြစ်ကြောင်း ပြင်သစ်နေ့စဉ် သတင်းစာ လီဖီဂါရိုက ဖော်ပြထားသည်။

 

ပြီးခဲ့သည့် ဆောင်းရာသီမှစကာ ပြင်သစ်နိုင်ငံတွင် ကြက်ငှက်တုပ်ကွေးရောဂါကြောင့် တိရစ္ဆာန်အကောင်ရေ ၂၁ သန်း ရှင်းလင်းခံရကြောင်း သိရသည်။

 

ဆင်ဟွာ