ပွင့်ဖြူမြို့ပေါ်ရှိ ဆေးဆိုင်များတွင် တိုင်းရင်းဆေးဝါးများ ရောင်းချရာ၌ ဆေးဝါးမှတ်ပုံတင်အတုဖြင့် ရောင်းချမှုမရှိစေရေး လိုက်လံစစ်ဆေး

ပွင့်ဖြူ   ၈ အောက်တိုဘာ   

           

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်ဖြိုးဝေ ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်စောပြည့်မွန်နှင့် ဝန်ထမ်းများ၊ ပွင့်ဖြူမြို့မဈေးတာဝန်ခံ ဦးအောင်မင်းသန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လိုက်ပါ၍  ဒေသခံပြည်သူများ ဆေးဝါးပစ္စည်းများ ဝယ်ယူအသုံးပြုရာတွင် ဘေးကင်းလုံခြုံစေရေးအတွက် ရည်ရွယ်ကာ အောက်တိုဘာ ၈ ရက်၊ မွန်းလွဲ ၂ နာရီက ပွင့်ဖြူမြို့မစည်ပင်သာယာဈေးအတွင်းရှိ ဆေးပစ္စည်းအရောင်းဆိုင်များနှင့် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်ရှိ ဆေးဆိုင်များသို့ သွားရောက်ပြီး တိုင်းရင်းဆေးဝါးများ ရောင်းချရာ၌ ဆေးဝါးမှတ်ပုံတင်အတုဖြင့် ရောင်းချခြင်းမရှိစေရေး လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။ 

 

1

           

ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ မြို့နယ်တာဝန်ခံ ဦးအောင်ဖြိုးဝေ ဦးဆောင်သော တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် ပွင့်ဖြူမြို့မစည်ပင်သာယာဈေးအတွင်းရှိ ဆေးဝါးအရောင်းဆိုင်များရှိ လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ စားသုံးသူပြည်သူများထံ ဆေးဝါးပစ္စည်းများ ရောင်းချရာတွင် သက်တမ်းကုန်ဆုံးသော ဆေးဝါးများနှင့် ဆေးဝါးမှတ်ပုံတင်အတုဖြင့် ဖြန့်ဖြူးရောင်းချ ခြင်းများ မပြုလုပ်ရန် ပညာပေးဆွေးနွေး ပြောကြားပြီး ဆေးဆိုင်အတွင်း ရောင်းချနေသည့် ဆေးဝါးများအား စားသုံးသူ ပြည်သူများအတွက် ဘေးအန္တရာယ်မဖြစ်စေရေး ဆေးဝါးအတုများ ဟုတ် ၊ မဟုတ် ရှာဖွေစစ်ဆေးခဲ့ကြသည်။

           

ထို့နောက် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်ရှိ ဆေးဆိုင်များသို့ သွားရောက်ကာ ဆေးဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍  စားသုံးသူပြည်သူများထံ ဆေးဝါးပစ္စည်းများ ရောင်းချရာတွင် သက်တမ်းကုန်ဆုံးသော ဆေးဝါးများနှင့် ဆေးဝါးမှတ်ပုံတင် အတုဖြင့် ဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ရန် ပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ရဲဝင်းနိုင် ( ညောင်ဦး )

 

1