ပွင့်ဖြူမြို့နယ်တွင် (၂)ရက်ဆက်တိုက် မိုးရွာသွန်းမှုကြောင့် ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ (၄)ပေခန့် ထပ်မံရေကျော်ကျလျက်ရှိ

 

ပွင့်ဖြူ စက်တင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် စက်တင်ဘာ ၂၄ ရက်မှ ၂၅ ရက်အထိ ()ရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ကြီးအုံကြီးဝတမံတွင် မိုးရေဝင်ရောက်မှုများ တိုးလာသဖြင့် ယနေ့နံနက် နာရီ တိုင်းထွာချက်အရ တမံရေပိုလွှဲမှ ( ဒသမ )ပေခန့်  ထပ်မံရေကျော်ကျလျက်ရှိနေကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့်ထံက သိရသည်။

ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသည် စက်တင်ဘာလဆန်းပိုင်းက မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှုများပြီး တမံရေပိုလွှဲမှ ပေခွဲအထိ ရေကျော်ကျမှုဖြစ်ခဲ့ကြောင်း၊ စက်တင်ဘာ ၁၉ ရက် နောက်ပိုင်းတွင် မိုးရွာသွန်းမှုလျော့နည်းသွားသဖြင့် တမံရေပိုလွှဲမှ ဒသမ ခန့်သာ ရေကျော်ကျမှုရှိခဲ့ရာမှ ယခုတစ်ခါ စက်တင်ဘာ ၂၄ ရက်နှင့် ၂၅ ရက် ()ရက်ဆက်တိုက် မိုးထပ်မံရွာသွန်းခဲ့သဖြင့် တမံအတွင်း မိုးရေဝင်ရောက်မှုများတိုးလာကာ ယနေ့ နံနက်ပိုင်းတွင် တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ ပေအထက် တမံရေပိုလွှဲမှ ( ဒသမ ) ပေခန့် ဆက်လက် ရေကျော်ကျလျက်ရှိနေကြောင်း သိရသည်။ အဆိုပါ ရေကျော်ကျမှုအား တမံအောက်ဘက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ ကြိုတင်သိရှိနိုင်ရေးအတွက် အချိန်နဲ့တစ်ပြေးညီ အသိပေးနှိုးဆော်မှုများ ဆောင်ရွက်ထားရှိကြောင်းလည်း သိရသည်။

ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်မှာ ပြီးခဲ့တဲ့ရက်တွေက မိုးအဆက်မပြတ် ရွာသွန်းမှုတွေကြောင့်  ကြီးအုံကြီးဝတမံမှာ မိုးရေဝင်ရောက်မှုတိုးကာ စက်တင်ဘာ ၁၉ ရက်မှာ တမံရေပိုလွှဲမှ ပေခွဲခန့် ရေကျော်ကျမှု ရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်း မိုးရွာသွန်းမှုရပ်တန့်သွားခဲ့အတွက်  တမံရေပိုလွှဲရေကျော်ကျမှုဟာ ( ဒသမ )ပေခန့်အထိ ကျဆင်းသွားခဲ့ပြီးတော့ စက်တင်ဘာ ၂၄ ရက်နဲ့ ၂၅ ရက် ()ရက်ဆက်တိုက် မိုးထပ်မံရွာသွန်းခဲ့တဲ့အတွက် ယနေ့မနက် ()နာရီမှာ တမံရေပိုလွှဲကနေ ( ဒသမ )ပေခန့် ဆက်လက်ရေကျော်ကျနေပါတယ်။ ဒါပေမယ့် ရေပိုလွှဲမှ ရေကျော်ကျမှုကတော့ တမံအောက်ဘက်ရှိ ဒေသခံပြည်သူတွေအတွက် စိုးရိမ်ဖွယ်အခြေအနေ မရှိပါဘူး။ ကျွန်တော်တို့ ဝန်ထမ်းတွေလည်း တမံအတွင်း ရေဝင်ရောက်မှုအခြေအနေနဲ့ တမံရေပိုလွှဲကနေ ရေကျော်ကျမှုအခြေအနေတွေကို ဒေသခံပြည်သူတွေ သိရှိအောင် အချိန်နဲ့တစ်ပြေးညီ အသိပေးနှိုးဆော်ဆောင်ရွက်ထားပါတယ်ဟု အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ (AE) ဦးစိုးတင့်က ပြောကြားသည်။   

 

ရဲဝင်းနိုင်(ညောင်ဦး)