ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ ပဲထောပတ်သီးနှံ စတင်စိုက်ပျိုး

ပွင့်ဖြူ ဩဂုတ် ၁၉

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မိုးချောင်းရေနှင့် မြေအောက်ရေကို အမှီပြု၍ ပဲထောပတ်သီးနှံများ စတင်စိုက်ပျိုးလုပ်ကိုင်နေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။

 

ပွင့်ဖြူမြို့နယ်ရှိ တောင်သူများသည် စိုက်ပျိုးရေ အဆင်ပြေတဲ့အတွက် နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ငန်းလုပ်ကိုင်ကြပြီး အဓိက စိုက်ပျိုးသည့်သီးနှံများမှာ စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲစင်းငုံ၊ ပဲထောပတ်၊ ပဲတီစိမ်း၊ ကုလားပဲ၊ ဖူး‌စားပြောင်း၊ ကြက်သွန် စသည့် သီးနှံများကို အားထားစိုက်ပျိုး ကြကြောင်းနှင့် အချို့တောင်သူများက တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိစေရန်အတွက် ဘုရားပန်းမျိုးစုံနှင့် စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးလုပ်ကိုင်‌ကြကြောင်း သိရသည်။

 

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)