ပွင့်ဖြူမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွား ၈၈၉ ဦးအား လူမှုရေးပင်စင်နှင့် ထောက်ပံ့ငွေများပေးအပ်

 

ပွင့်ဖြူ  ၂၀  ဇွန်   

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်နှင့် ကိုဗစ်-၁၉ ကာလ ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်းက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှု ဝန်ထမ်းဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တတိယသုံးလပတ် (ဧပြီ ၊ မေ ၊ ဇွန်)အတွက် အဘိုးအဘွားတစ်ဦးလျှင် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀ နှင့် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ထောက်ပံ့ငွေကျပ် ၃၀၀၀၀၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၆၀၀၀၀ ကို အဘိုးအဘွား စုစုပေါင်း ၈၈၉ ဦးအား ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေး စာရေးဝန်ထမ်းများက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)

 

3833

 

photo 1