ပွင့်ဖြူမြို့၊ အမှတ်(၄) ချည်မျှင်စက်ရုံ၌ ဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် ဆန်များ ရောင်းချ

ပွင့်ဖြူ စက်တင်ဘာ ၁၄

 

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပွင့်ဖြူမြို့နယ်ရှိ ဆန်စက်လုပ်ငန်းရှင်များနှင့် ဆန်ကုန်သည်များအဖွဲ့က ပွင့်ဖြူမြို့၊ အမှတ်(၄) ချည်မျှင်စက်ရုံရှိ ဝန်ထမ်းများ စားသောက်ရေး အဆင်ပြေစေရန်ရည်ရွယ်၍ စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းက မနောသုခဆန်များကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့သည်။

 

ထိုသို့ ရောင်းချပေးရာတွင် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များနှင့် ဆန်ကုန်သည်များအဖွဲ့က ဆန်တစ်ပြည်လျှင် ငွေကျပ် ၂၅၀၀ နှုန်းဖြင့် တစ်ဦးလျှင် ဆန် တစ်ပြည်နှုန်းဖြင့် စုစုပေါင်း ၂၄ ပြည်ဆန်အိတ် ရှစ်အိတ်ကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။  

 

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)