ပင်လယ်နီတွင် အီရန်ရေနံတင်သင်္ဘော ပေါက်ကွဲမှုဖြစ်ပွား

၁၁ အောက်တိုဘာ

 

အီရန်နိုင်ငံပိုင်သတင်းဌာန၏ ပြောကြားချက်အရ အီရန်ရေနံတင်သင်္ဘောတစ်စင်းသည် ပင်လယ်နီတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းနှင့် အဆိုပါပေါက်ကွဲမှုသည် ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရမှု ဖြစ်နိုင်ကြောင်း ပြောဆိုထားသည်ကိုလည်း တွေ့ရသည်။

 

အဆိုပါပေါက်ကွဲမှုသည် ဆော်ဒီအာရေဗျရှိ ဂျဒါဆိပ်ကမ်းတွင် ယနေ့နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ပြီး သင်္ဘောအား ဒုံးကျည်နှစ်စင်းနှင့် တိုက်ခိုက်ခံရသည်မှာ သိသာထင်ရှားသည်ဆိုသော အဆိုပါ ရေနံတင်သင်္ဘောပိုင်ဆိုင်သည့် နိုင်ငံပိုင် ရေနံကုမ္ပဏီ၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 

သတင်းများအရ သင်္ဘော၏ ရေနံသိုလှောင်ရာအစိတ်အပိုင်း ထိခိုက်သွားပြီး ပင်လယ်တွင်းသို့ ရေနံများ ဖိတ်ကျသွားသော်လည်း သင်္ဘောမှာ ပုံမှန်အခြေအနေအတိုင်း ရှိကြောင်းနှင့် ရေယာဉ်ပေါ်ပါ ဝန်ထမ်းများလည်း ထိခိုက်မှု တစ်စုံတစ်ရာမရှိကြောင်း သိရသည်။

 

ကိုးကား- အန်အိတ်ချ်ကေ

ဘာသာပြန်- စုရည်