ပင်လည်ဘူးမြို့နယ်တွင် တရားမဝင်ရွှေတူးဖော်ရာ ကျင်းအတွင်း၌ လူနှစ်ဦး လေပြတ်သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ် ရှင်ဖာကျေးရွာအနီး ရွှေတွင်းဟောင်းအတွင်း၌ အမျိုးသားနှစ်ဦး လေပြတ်သေဆုံးသွားကြောင်း သိရသည်။

 

 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီခွဲတွင် ပင်လည်ဘူးမြို့နယ်၊ ပိန္နဲကုန်းကျေးရွာနေ ထွန်းနီဆိုသူနှင့် မလိမ်းတုံးကျေးရွာနေ ဖိုးပြားတို့နှစ်ဦးသည် ရှင်ဖာကျေးရွာအနီးရှိ အနက်ပေ ၂၀ ခန့်ရှိ ကျင်းဟောင်းနေရာတွင် ရွှေတူးဖော်နေစဉ် လေပြတ်သေဆုံးသွားကြောင်း ကဘာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလူရင်မှ ပင်လည်ဘူးမြို့မရဲစခန်းသို့ လာရောက်အကြောင်းကြားလာသဖြင့် ပင်လည်ဘူးမြို့မရဲစခန်းမှူး ဒုရဲမှူးသောင်းဋ္ဌေးနှင့် ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ပြီး ၎င်းသေဆုံးခြင်းသည် ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် သေမှုသေခင်းရေးဖွင့် ဆောင်ရွက်ထားကြောင်း စခန်းမှူးဒုရဲမှူး သောင်းဋ္ဌေးထံမှသိရပါသည်။

 

လူအောင်(ကသာ)