ပင်လည်ဘူးမြို့၌ Mask   Campaign ပြုလုပ်

ပင်လည်ဘူး ဇူလိုင် ၁၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့၌ ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် ပါးစပ်၊ နှာခေါင်းစည်း   Mask တပ်ဆင်စေရေး အသိပညာပေး  Mask   Campaign ပြုလုပ်ဆောင်ရွက်ခြင်းကို ဇူလိုင် ၁၇ ရက် နံနက်ပိုင်းက မြို့အဝင် /အထွက် လူသွား/လူလာများသည့် ပင်လည်ဘူး-ဖောင်းပြင် ကားလမ်းပေါ်ရှိ မူးမြစ်ကူးတံတားတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိန်သောင်း ဦးဆောင်၍  မြို့နယ်ရဲတပ်ဖွဲ့ ယာယီရဲမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ​မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက  ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြကြောင်း သိရသည်။

 

ပင်လည်ဘူးမြို့နယ်အတွင်း ခရီးသွားလာပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီ၏ အသိပေးကြေညာချက်ဖြစ်သည့် အများပြည်သူ အလုပ်ပိတ်ရက် ကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ထိရောက်စွာ ဟန့်တားနိုင်ရေးအတွက် အများပြည်သူများအနေဖြင့် မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုလုပ်ကြရန်၊ မဖြစ်မနေ နေအိမ်မှ ထွက်ခွာ သွားရောက်ရမည့် ကိစ္စပေါ်ပေါက်ပါက ပါးစပ်/ နှာခေါင်းစည်း mask အား စနစ်တကျ တပ်ဆင်ကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး ပြောကြား၍ ပါးစပ်/ နှာခေါင်းစည်း mask များအား အခမဲ့ ဝေငှပေးခဲ့ကြောင်း သိရသည်။

 

ထို့နောက် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များသည် ပါဆယ်စနစ်ဖြင့် ရောင်းချရမည့် စည်းကမ်းကို လိုက်နာခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

အေးဝင်းခိုင်