ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ကိုးဦး ထပ်မံတွေ့ရှိ

ပင်လောင်း       ဇူလိုင်   ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ဇူလိုင် ၁၈ ရက်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ ကိုးဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ သိရသည်။

ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများသည် ပင်လောင်းမြို့ ရုံး၀င်းရပ်ကွက်မှ အမျိုးသား သုံးဦး၊ အမျိုးသမီး ခြောက်ဦး စုစုပေါင်းလူနာ ကိုးဦး ထပ်မံတွေ့ရှိခဲ့သည်။

ပင်လောင်းမြို့နယ်တွင် ဇွန် ၃၀ ရက်မှ ဇူလိုင် ၁၈ ရက်အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၁၅၀ တွေ့ရှိခဲ့ပြီး ယနေ့အချိန်ထိ ဆေးရုံဆင်းခွင့်ရရှိသူ ၄၉ဦး ရှိပြီဖြစ်ရာ ကျန်ရှိနေသော အတည်ပြုလူနာများကို ပင်လောင်းမြို့နယ် ပြည်သူ့ဆေးရုံ၊ ဆောင်းပြောင်းတိုက်နယ်ဆေးရုံ၊ နောင်တရားတိုက်နယ်ဆေးရုံ၊ တီကျစ်တိုက်နယ်ဆေးရုံနှင့် ပေါင်းလောင်းတိုက်နယ်ဆေးရုံ သီးသန့်ဆောင် တို့တွင် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး သေဆုံးသူ နှစ်ဦးရှိပြီဖြစ်ကြောင်း၊ အတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများကိုလည်း အသွားအလာ ကန့်သတ်စောင့်ကြည့်ရာ နေရာများတွင် ၁၀ ရက်ကြာ ကျန်းမာရေးစောင့်ရှောက်ထားရှိမည်ဖြစ်ကြောင်းနှင့် ထိတွေ့ဆက်စပ် သူများကိုလည်း ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)