ပင်လောင်းမြို့နယ်တွင် စည်ပင်သာယာရေးဌာနပိုင် မြို့မစျေးနှင့် ၅ ရက် တစ်စျေးများအား စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခွင့် ပြုသွားမည်

ပင်လောင်း စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကျဆင်းလာပြီဖြစ်သဖြင့် စည်ပင်သာယာရေးဌာနပိုင် မြို့မစျေးနှင့် ()ရက် တစ်စျေးများဖြစ်သော ပင်ခွန်စျေး၊ နောင်ဝိုးစျေး၊ ဆောင်းပြောင်းစျေး၊ ထီယွန်းစျေးတို့အား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ စက်တင်ဘာ ၂၅ ရက်မှ စတင်ဖွင့်လှစ် ရောင်းချခွင့်ပြုသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။

ပင်လောင်းမြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၄..၂၀၂၁ ရက်စွဲဖြင့် ကြော်ငြာစာအမှတ် /၂၀၂၁ အရ အခြေခံစားကုန်များဖြစ်သော ပျံကျစျေးသည်များ၊ ဟင်းသီးဟင်းရွက်၊ အသား၊ ငါးနှင့် ဆေးဝါးဆိုင်များအား ဖွင့်လှစ်ရောင်းချသွားရန်၊ စျေးကို နံနက် နာရီမှ မွန်းလွဲ နာရီအထိ ဖွင့်လှစ်ရောင်းချရန်၊ ကျန်ရှိသော အခြားသောဆိုင်များ (ဥပမာ- အထည်ဆိုင်များ၊ အိုးခွက်ပန်းကန်ဆိုင်များ၊ ဆောက်လုပ်ရေးပစ္စည်းဆိုင်များ၊ စိုက်ပျိုးရေးသုံးပစ္စည်းဆိုင်များ၊ အလှကုန်ဆိုင်၊ ဖိနပ်ဆိုင်များ၊ mobile phone ဆိုင်များ) ယာယီပိတ်ထားရန်၊ Stay at Home မြို့နယ်များနှင့် အခြားရပ်ဝေးမြို့နယ်များမှ စျေးသည်များအား စျေးရောင်းချခြင်းမပြုရန် စသည့် စည်းကမ်းချက်များအား လိုက်နာရန်ပျက်ကွက်ပါက စျေးရောင်းချခွင့် ပိတ်သွားမည်ဖြစ်ပြီး သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဥပဒေအရ အရေးယူသွားမည်ဖြစ်သည်။

ထို့ပြင် ပင်လောင်းမြို့မစျေးရှိ ဟင်းသီးဟင်းရွက်၊ အသား၊ ငါး ရောင်းချမည့် နေရာများတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရန် ပိုးသတ်ဆေးများကို စည်ပင်သာယာရေးဌာန ၀န်ထမ်းများ၊ အဖြူရောင်လူငယ်ပရဟိတ အဖွဲ့တို့ ပူးပေါင်း၍ ပက်ဖျန်းခဲ့ကြသည်။

ထွန်းလင်း(ပင်လောင်း)