ပင်လောင်းမြို့နယ်၌ အရန်သားဖွားဆရာမ (၆)လသင်တန်း ဆင်းပွဲပြုလုပ်

ပင်လောင်း၊  ၂၀  ဇန်နဝါရီ        

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ACCESS TO HALTH FUND ရန်ပုံငွေအဖွဲ့အစည်းတို့ ပူးပေါင်း ဖွင့်လှစ်သော အရန်သားဖွားဆရာမ ခြောက်လသင်တန်းဆင်းပွဲ အခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုးဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းက ပြုလုပ်သည်။

 

mdn

 

ပင်လောင်းမြို့နယ်အတွင်းရှိ ဝေးလံသည့်နေရာဒေသများသို့ ကျန်းမာရေးဝန်ထမ်းများ အချိန်မီ သွားရောက်ရန် ခက်ခဲခြင်းကြောင့်  အဆိုပါနေရာဒေသများမှ သင်တန်းသူများ ခေါ်ယူပြီး အရန်သားဖွား သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ သင်တန်းတွင် စာတွေ့ သုံးလနှင့် လက်တွေ့ သုံးလ သင်ကြားပေးပြီး ကိုယ်ဝန်ဆောင်မိခင်များအား စောင့်ရှောက်ပေးနိုင်ရန် အဓိကသင်ကြားပေးခြင်းဖြစ်ကြောင်း၊  အရန်သားဖွား ဆရာမများကလည်း ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ရှောင်ရန်၊ ဆောင်ရန်အချက်များကို လိုက်နာကြရန် လိုအပ်ကြောင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် အခက်အခဲရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ပို့ဆောင်ပေးကြရန် လိုအပ်ကြောင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာခင်သိန်းထွေးက သင်တန်းဆင်းပွဲတွင် အမှာစကား ပြောကြားခဲ့သည်။

 

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူ့ဆေးရုံးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်၊ အရန်သားဖွားဆရာမများ အသုံးပြုနိုင်ရန် ဆေးပုံးများနှင့် သင်တန်းတွင် ထူးချွန်ဆု ရရှိသူများကို ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခဲ့ပြီး အဆိုပါ သင်တန်းသို့ သင်တန်းသူ ၂၀ တက်ရောက်အောင်မြင်ခဲ့ကြောင်း သိရသည်။

 

ခွန်အာကာစိုး(ပင်လောင်း)