ပင်လောင်း ၁၃ ဧပြီ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်မှ သင်္ကြန်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် စာရင်းပြုစုတင်ပြထားသော သတ်မှတ်ချက်နှင့် ကိုက်ညီသည့် အိမ်ထောင်စုများအား နိုင်ငံတော်မှထောက်ပံ့ပေးသည့် စားသောက်ကုန်ငါးမျိုးကို ထောက်ပံ့ပေးအပ်ရန် ကျန်ရှိသည့် ကျေးရွာအုပ်စု (၁၅)အုပ်စုအတွက် ဧပြီ ၁၃ ရက်နံ နက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့သည်။
စားသောက်ကုန်များ ထောက်ပံ့ရာတွင် ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်သောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းထက်နိုင်မြင့်တို့က အမှာစကားပြောကြားပြီး ကျန်ရှိသည့် ကျေးရွာအုပ်စု(၁၅)အုပ်စုမှ အိမ်ထောင်စု (၁၃၀၄)စုအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန်ရှစ်ပြည်၊ ဆီ(၅၀)သား၊ ကုလားပဲတစ်ပိဿာ၊ ကြက်သွန်နီတစ်ပိဿာ၊ ဆား(၅၀)သားတို့ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးက ပြည်သူလူထုများကိုယ်စား သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ ပေါင်းလောင်းမြို့အတွင်းရှိ ရပ်ကွက်(၁၉)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၅)အုပ်စုမှ အိမ်ထောင်စုပေါင်း (၂၆၀၈)စုအား စားသောက်ကုန်ငါးမျိုးကို ထောက်ပံ့ဖြန့်ဝေပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


