ပင်လောင်းမြို့နယ် ပြည်သူ့ဆေးရုံ၀န်ထမ်းများအတွက် ဆန်အိတ်များနှင့် ဆီဘူးများ လှူဒါန်း

ပင်လောင်း စက်တင်ဘာ ၂၉

 

 

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ဆေးရုံတွင် တာ၀န်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေး၀န်ထမ်းများအတွက် ဆန်အိတ်များနှင့် ဆီဘူးများကို အလှူရှင်က စက်တင်ဘာ ၂၉ ရက် နံက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

 

ပင်လောင်းမြို့ စျေးတန်းရပ်ကွက်နေ ဦးထွန်းလှိုင် - ဒေါ်နန်းနူး (ရွေလိပ်ပြာ လက်ဖက်ရောင်း၀ယ်ရေး) မိသားစုက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဖြစ်ပွားစဉ် ကာလများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ရှေ့တန်းမှ အားသွန်ခွန်စိုက် ပါ၀င်ဆောင်ရွက် ခဲ့ကြသော ပင်လောင်းဆေးရုံ ၀န်ထမ်းများအတွက် ငွေကျပ် ၁၁ သိန်းတန်ဖိုးရှိ ဆန်အိတ်များနှင့် ဆီဘူးများကို လာရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

 

ထွန်းလင်း(ပင်လောင်း)

 

mdn