ပင်လောင်း၊ ဆီဆိုင်နှင့် ဟိုပုံးမြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၆၄ ဒသမ ၅ ဧကဖျက်ဆီး

နေပြည်တော် ၂၄ နိုဝင်ဘာ 

ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးမျိုးလွင် ဦးစီးသည့် ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၂ ရက်က ပင်လောင်းမြို့နယ် နန့်ထာကျေးရွာ၏ အရှေ့မြောက်ဘက် တစ်မိုင်ခွဲခန့်အကွာ၌ အမြင့် နှစ်ပေခွဲခန့်ရှိ သီးပွင့်ဆဲဘိန်းခင်း စုစုပေါင်း ၃၁ ဒသမ ၅ ဧကခန့်အား ဖျက်ဆီးဆောင်ရွက်ခဲ့ကြောင်း၊ အလားတူ ဆီဆိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး သီဟန်ဦးစီးပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ် ဘန်းနောင်ကားကျေးရွာ၏ အရှေ့ဘက် တစ်မိုင်ခန့်အကွာ၌ အမြင့်နှစ်ပေခန့်ရှိ သီးပွင့်ဆဲဘိန်းခင်း စုစုပေါင်း ၁၃ ဧကခန့်နှင့် ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မိုးညွန့်ဦး ဦးစီးပူးပေါင်းအဖွဲ့က ဟိုပုံးမြို့နယ် ကျောက္ကချားကျေးရွာ၏ အနောက် မြောက်ဘက် ငါးမိုင်ခန့်အကွာ၌ အမြင့်ခြောက်လက်မခန့်ရှိ သီးပွင့်ဆဲဘိန်းခင်း စုစုပေါင်း ၂၀ ဧကခန့်အား ဖျက်ဆီးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရဲပြန်ကြား