ပါမောက္ခချုပ်ဆရာတော်၏ နိုင်ငံတကာနှစ်သစ်ကူး ၂၀၁၉ ခုနှစ် နှစ်ဦးမင်္ဂလာဩဝါဒကထာ

၁  ဇန်နဝါရီ

 

၂၀၁၉ ခုနှစ်သို့ ကူးပြောင်းရောက်ရှိရာ နိုင်ငံတကာ နှစ်သစ်ကူး အခါသမယသည် လူနတ်ဗြဟ္မာသတ္တဝါ အားလုံးအတွက် မင်္ဂလာရှိသော အခါသမယဖြစ်ပါစေဟု ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။

 

အထူးအားဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင် ကြကုန်သော ရဟန်းရှင်လူ ပြည်သူအားလုံး ရွှင်ပြုံးဝမ်းသာ မင်္ဂလာတရား တော်နှင့်အညီ ကျင့်သုံးနေထိုင်ကြပြီးလျှင် အခက်အခဲဟူသမျှ ကျော်လွှား နိုင်ကြပါစေ။

 

ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး အရှည်ခန့်လျက် တည်တံ့စေရန် ခိုင်မာသော သန္နိဋ္ဌာန်၊ ထက်သန်သော လုံ့လဝီရိယ၊ ညီညွတ်သော စိတ်ထားဖြင့် အမြော်အမြင်ကြီးမားစွာ ဆောင်ရွက်နိုင်ကြပါစေဟု မင်္ဂလာမေတ္တာစကား တိုက်တွန်းပြောကြားအပ်ပါသည်။

 

သက်ရှည်ကျန်းမာ၊ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ဝကြပါစေ။