ပလတ်စတစ် ကင်းစင်ရေး ဆောင်ရွက်နေသူ အသက် ၁၂ နှစ်အရွယ် ထိုင်းကလေးငယ် လီလီ

၂၀ စက်တင်ဘာ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့က တူးမြောင်းထဲမှာ လှေလေးတစ်စင်းနဲ့  ပလတ်စတစ် အိတ်ခွံ၊ ဗူးခွံနဲ့ သံဗူးခွံတွေကို လည့်လှည်ကောက်ယူနေတဲ့ အသက် ၁၂ နှစ်အရွယ် လီလီနဲ့ သူ့သူငယ်ချင်းတွေကို တွေ့ရပါတယ်။ ထိုင်းနိုင်ငံမှာ ပျမ်းမျှအားဖြင့် လူတစ်ဦးလျှင် တစ်နေ့ကို ပလပ်စတစ်အိတ် ၈ လုံး သုံးစွဲကြောင်း သိရပါတယ်။ 


ထိုင်းနိုင်ငံဟာ သမုဒ္ဒရာ ညစ်ညမ်းမှုဖြစ်အောင် ပြုလုပ်တဲ့ နိုင်ငံတွေစာရင်းမှာ အဆင့်ခြောက်မှာ တည်ရှိနေပါတယ်။ 


ထိုင်းနိုင်ငံရဲ့ လမ်းဘေးစာ (street food) ဆိုင်၊ ကော်ဖီဆိုင်နဲ့ ဟင်းသီးဟင်းရွက်တွေကအစ ပလတ်စတစ် အိတ်တွေကို အသုံးပြုရာ လူတစ်ဦးလျှင် တစ်နှစ်ကို တစ်ခါသုံး ပလတ်စတစ် အိတ်ပေါင်း ၃၀ဝ၀ ကို အသုံးပြုရာ ဥရောပသမဂ္ဂအတွင်းမှာ နေထိုင်သူ တစ်ဦးရဲ့ ပလတ်စတစ်အိတ် သုံးစွဲမှုရဲ့ ၁၂ ကြိမ်ကျော်များကြောင်း သိရပါတယ်။ 


အသက် ၁၂ နှစ်အရွယ် ပလတ်စတစ် ကင်းစင်ရေး ဆောင်ရွက်နေတဲ့ လီလီရဲ့ ပထမဦးဆုံး အောင်မြင်မှုကတော့ ဘန်ကောက်မြို့ရှိ Central supermarket မှာ ဇွန်လကစပြီး သီတင်းတစ်ပတ်မှာ တစ်ရက် ပလတ်စတစ်အိတ် မသုံးရေးကို အောင်မြင်အောင် ဆောင်ရွက်နိုင်ပြီလို့ သိရပါတယ်။ 


လီလီက “အစိုးရကို ပလတ်စတစ်အိတ် ဖြန့်ဖြူးနေသူတွေကို တိုက်ရိုက်ပြောဆိုပြီး သုံးစွဲမှုကို ရပ်တန့်အောင် လုပ်ဖို့ပြောနေတာ အစိုးရက ကျွန်မစကားကို နားမထောင်ဘူး” လို့ ပြောပါတယ်။ လီလီကိုယ်တိုင် စီးပွားရေး လုပ်ငန်းရှင်တွေကို တွေ့ဆုံပြီး ပလတ်စတစ် မသုံးစွဲရေးကို ပြောဆိုနေပါတယ်။ 


7-Eleven စတိုးဆိုင်တွေနဲ့ နာမည်ကြီး ဆိုင်တွေကလည်းက နောက်နှစ် ဇန်နဝါရီလကစပြီး တစ်ခါသုံး ပလတ်စတစ်အိတ် မသုံးစွဲအောင် ဒီလအတွင်းမှာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ 


ပြီးခဲ့တဲ့လက ထိုင်းနိုင်ငံမှာ sea cow (dugong) တစ်ကောင် ပလတ်စတစ်အိတ်တွေ စားမိတဲ့အတွက် သေဆုံးသွားပုံကို ဆိုရှယ်မီဒီယာပေါ် ရောက်ရှိလာတဲ့အတွက် တစ်ခါသုံး ပလတ်စတစ်ကို ၂၀၂၂ ခုနှစ်မှာ ပတ်ပင်ဖို့ အစိုးရအတွင်းမှာ ဆွေးနွေးမှုတွေလည်း ရှိခဲ့ပါတယ်။


MDN
ကိုးကား - AFP