ပါလက်စတိုင်းအစိုးရသစ် ကျမ်းသစ္စာကျိန်ဆို

ရာမာလာ၊ ဧပြီ ၁

ဝန်ကြီးချုပ် မိုဟာမက်မူစတာဖာ ဦးဆောင်သော ပါလက်စတိုင်းအစိုးရသစ်သည် မတ် ၃၁ ရက်တွင် အနောက်ဘက်ကမ်းဒေသ၌ ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

မူစတာဖာသည် ဝါရင့်သံတမန် Riyad Al-Maliki ထံမှ နိုင်ငံခြားရေးဝန်ကြီးရာထူးကို ရယူမည်ဖြစ်သည်။ ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ် ရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆိုပွဲအတွင်း မူစတာဖာက ၎င်း၏ အစိုးရသစ်သည် ပါလက်စတိုင်း နိုင်ငံသားအားလုံးအတွက် တာဝန်ထမ်းဆောင် မည်ဟု ကတိပြုခဲ့သည်။ ဂါဇာရှိ ပဋိပက္ခကို အဆုံးသတ်ရေးအတွက် အာရပ်နိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း မာမွတ်အဘတ်က ထပ်လောင်းပြောကြားခဲ့သည်။

မိမိတို့၏ နိုင်ငံရေးရည်မှန်းချက်သည် အစ္စရေးထိန်းချုပ်မှုအောက်မှ လွတ်မြောက်ပြီး ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်လာရေးပင်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားသည်။

ကိုးကား - ဆင်ဟွာ၊

ဘာသာပြန် - စိုးသူရ