ပလက်၀ဒေသခံများအတွက် ထောက်ပံ့ရေးပစ္စည်းများနှင့် ရိက္ခာများသယ်ဆောင်လာသည့် လုပ်ငန်းယာဉ်များနှင့် WFP မှ မော်တော်ယာဉ်များအား AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က နှောင့်ယှက်ပစ်ခတ်

နေပြည်တော် ၁ မေ

ချင်းပြည်နယ်၊ ပလက်၀ဒေသရှိ ဒေသခံ ပြည်သူများအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် WFP မှ   ထောက်ပံ့သော ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ၊ တပ်မတော်မှ ထောက်ပံ့လှူဒါန်းသော စား သောက်ဖွယ်ရာ ပစ္စည်းများအား ရာသီဥတုဆိုးရွားမှုကြောင့် လမ်းပျက်စီးမှုများနှင့် AA အကြမ်းဖက် သောင်းကျန်းသူများက နှောင့်ယှက်ဟန့်တားမှုများကြားမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကြိုးစား အားထုတ်၍    ဧပြီ  ၂၉ ရက် ညနေပိုင်းတွင် ဆက်လက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

‌ေ်ျ်ျ‌ေ

 

ထိုသို့ပို့ဆောင်ရာတွင် လမ်းကြောင်းအခြေအနေနှင့် လုံခြုံရေးအခြေအနေအရ လုပ်ငန်းယာဉ် ၃၁ စီး က ရှေ့မှ စတင်ထွက်ခွာခဲ့ပြီး WFP မှ ခြောက်ဘီးယာဉ်ငါးစီးက နောက်မှ ကပ်လျက်လိုက်ပါကာ ယာဉ်ပေါ်လိုက် လုံခြုံရေးအဖွဲ့များ၊ လမ်းလုံခြုံရေးအဖွဲ့များဖြင့်  လုံခြုံရေးဆောင်ရွက်၍ ထွက်ခွာခဲ့ ကြောင်း၊  ယင်းသို့ထွက်ခွာခဲ့ရာ ဆမီးမြို့၏အနောက်ဘက် မီတာ ၁၀၀၀၀ ခန့်အကွာသို့ အရောက်၌ AA  အကြမ်းဖက်သောင်းကျန်းသူများက နောက်မှလိုက်ပါလာသည့် WFP မှ မော်တော်ယာဉ် များကိုသာ  ဦးတည်ပစ်မှတ်ထားရွေးချယ်၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် လမ်းလုံခြုံရေးဆောင်ရွက်နေသည့် အဖွဲ့များနှင့် ယာဉ်ပေါ်ပါ လုံခြုံရေးအဖွဲ့များက ပြန်လည်ပစ်ခတ်ခဲ့ရာ AA အကြမ်းဖက် သောင်းကျန်းသူများ   ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့ရကြောင်း။

အဆိုပါနှောင့်ယှက်ပစ်ခတ်မှုကြောင့် WFP မှ ယာဉ်မောင်း ပခုက္ကူမြို့နေ ဦးဝင်းကိုအောင်၏ မျက် နှာတွင် မော်တော်ယာဉ်လေကာမှန်စ ထိမှန်၍ ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး ၎င်းမောင်းနှင်သည့် ခြောက်ဘီးယာဉ်၏   ဆီတိုင်ကီနှင့် ရှေ့လေကာမှန် လက်နက်ငယ်ကျည်ထိမှန်ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် အခြားမော်တော်ယာဉ်လေးစီးတွင်လည်း ရှေ့ / နောက်လေကာမှန်များ၊ တံခါး များ၊ ဘီးများ နှင့် ကိုယ်ထည်များ လက်နက်ငယ်ထိမှန်ပျက်စီးခဲ့ကြောင်း။

ယင်းသို့  မော်တော်ယာဉ်များ ထိမှန် ပျက်စီးခဲ့သော်လည်း   လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြန်လည် ခုခံ ကာကွယ်ခဲ့မှုများကြောင့် အဆိုပါထောက်ပံ့ရေးပစ္စည်းများနှင့် ရိက္ခာများကို ယနေ့ညနေ ၄ နာရီခွဲ ခန့်တွင် ပလက်၀နယ်မြေခံတပ်ဌာနချုပ်ဝန်းကျင်သို့  ရောက်ရှိအောင်  ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း နှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် WFP မှ ယာဉ်မောင်း ဦးဝင်းကိုအောင်အား ယာဉ်ပေါ် တွင် လိုက်ပါ လာသည့်  လုံခြုံရေးအဖွဲ့မှ ဆေးမှူးဖြင့် လိုအပ်သည့်ဆေးဝါးကုသမှု များ ဆောင်ရွက် ပေးခဲ့ကြောင်း ၊  လုံခြုံရေးတပ်ဖွဲ့ဝင်များက  ပလက်၀ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လမ်းပန်း ဆက်သွယ်မှု ကောင်း မွန် စေရေးတို့အတွက် လုံခြုံရေးလုပ်ငန်းများအား  ဆက်လက် ဆောင်ရွက် လျက်ရှိ ကြောင်း နှင့် ထောက်ပံ့ရေးပစ္စည်းများနှင့် ရိက္ခာများကို ပလက်၀ ဒေသခံများ လက်ဝယ်သို့ အရောက် ပေးပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (သတင်းစဉ်)