‌ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် လူနေအိမ်များ ပြောင်းရွှေ့နေထိုင်လျက်ရှိ

နေပြည်တော်  ၂၈  ဇူလိုင်

           

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်အတွင်း ဇူလိုင်လ ၂၇ ရက် နံနက်ပိုင်းက ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် အေးကျွန်းကျေးရွာအပါအဝင် ကျေးရွာ ၄ ရွာရှိ မြေနိမ့်ပိုင်း နေရာများသို့ ရေဝင်ရောက်၍ အိမ်ထောင်စု ၃၀၊ လူဦးရေ ၁၃၂ ဦးတို့သည် (၁)ရပ်ကွက်ရှိ လောကမာန်ရ်ကင်း ဘုရားဝင်းနှင့် ရေလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သတင်းရရှိသည်။

 

(ရဲပြန်ကြား)