ပခုက္ကူမြို့၌ အသက်(၈၅)နှစ်အထက်သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေများ အိမ်တိုင်ရာရောက်ထောက်ပံ့ပေးအပ်

ပခုက္ကူ ဇွန် ၂၈

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ်အထက်သက်ကြီးဘိုးဘွားများအား လူမှုရေး ပင်စင်ထောက်ပံ့ကြေးငွေများကို ဇွန်လ ၂၈ရက် နံနက် ၉နာရီမှစတင်ပြီး တာဝန်ရှိသူများက အိမ်တိုင်ရာရောက်ထောက်ပံ့ ပေးအပ်ကြသည်။ 

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ် ဒုတိယ(၃)လပတ်  (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊မတ်)လများအတွက် ပခုက္ကူမြို့၊ အမှတ်(၉)ရပ်ကွက်က(၂၃) ဦး၊ အမှတ် (၁၀)ရပ်ကွက်က(၂၁) ဦး၊ စုစုပေါင်းအသက်(၈၅)နှစ်အထက်သက်ကြီးဘိုးဘွား(၄၄)ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ် သုံးသောင်းနှုန်းဖြင့် စုစုပေါင်းလူမှုရေးပင်စင်ထောက်ပံ့ကြေးငွေကျပ် (၁၃၂၀၀၀၀)အား ပခုက္ကူခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင် ဦးစီးမှူး ဒေါ်သန်းသန်းဝင်းနှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများက သက်ကြီးဘိုးဘွားတို့၏ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ကြကြောင်းသိရသည်။ 

ထို့အပြင် ပခုက္ကူမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက်သက်ကြီးဘိုးဘွားပေါင်း(၁၉၆၄)ဦးရှိပြီး တစ်ဦးလျှင် ငွေကျပ် (၃၀၀၀ဝ)နှုန်းဖြင့် စုစုပေါင်းလူမှုရေးပင်စင်ထောက်ပံ့ကြေးငွေကျပ် (၅၈၉၂၀၀၀၀) အား  သက်ဆိုင်ရာရပ်/ကျေးအုပ် ချုပ်ရေးမှူးများအလိုက် အိမ်တိုင်ရာအရောက် အသီးသီးထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆလိုင်းကိုကီး(ပြန်/ဆက်)

mdn