ပခုက္ကူမြို့၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဝယ်ယူရန်အတွက် ငွေကျပ် ၁၂ သိန်း လှူဒါန်း

ပခုက္ကူ၊   ၂၉   ဇန်နဝါရီ 

ပခုက္ကူမြို့နယ် Pact Global Microfinance Fund မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဝယ်ယူနိုင်ရေးအတွက် ဇန်နဝါရီ  ၂၉ ရက် နံနက် ၁၀ နာရီက ပခုက္ကူမြို့၊ ကိုဗစ်-၁၉ အထောက်အကူပြုလုပ်ငန်းကော်မတီထံ ငွေကျပ် ၁၂ သိန်း ပေးအပ်လှူဒါန်းသည်။ 

ရှေးဦးစွာ ပခုက္ကူမြို့နယ် Pact Global Microfinance Fund မန်နေဂျာ ဒေါ်တင်တင်ခိုင်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူနိုင်ရေး အလှူငွေ ၁၂ သိန်းကို ပေးအပ်လှူဒါန်းရာ ပခုက္ကူမြို့၊ COVID-19 အထောက်အကူပြုလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးခိုင်ထွန်းဇော်နှင့် ကော်မတီဝင်များက လက်ခံရယူပြီး ဂုဏ်ပြုလွှာပြန်လည်ပေးအပ်ကြသည်။ 

“ယခုလက်ရှိအချိန်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို မြန်မာနိုင်ငံ၌  ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ကျန်းမာ ရေးဝန်ထမ်းများနှင့်အစိုးရဝန်ထမ်းတစ်ချို့ စတင်ထိုးနှံနေကြပြီဖြစ်ကြောင်း၊ ကျန်ရှိသည့် အစိုးရဝန်ထမ်းများနှင့် ပြည်သူများ ဆက်လက်ထိုးနှံပေးနိုင်ရေးအတွက် ကာကွယ်ဆေးဝယ်ယူနိုင်ရန် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးရန်ပုံငွေ(နေပြည်တော်) ထံ ပူးပေါင်းလှူဒါန်းပေးခြင်းဖြစ်ကြောင်း၊ ယခင်ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအတွက် အလှူငွေများ လှူဒါန်းခဲ့ကြောင်း” ပခုက္ကူမြို့နယ် ပခုက္ကူမြို့နယ် Pact Global Microfinance Fund မန်နေဂျာ ဒေါ်တင်တင်ခိုင်က ပြောသည်။ 

ဆလိုင်းကိုကီး(ပြန်/ဆက်)