ပခန်းပွဲ (ခေါ်) ကိုကြီးကျော်ပွဲ

ရေစကြို ၁၉ ဖေဖော်ဝါရီ

 

မြန်မာနိုင်ငံတွင် ထင်ရှားကျော်ကြားသော နတ်ပွဲတစ်ခု ဖြစ်သည့် ပခန်းပွဲ(ခေါ်)၊ ကိုကြီးကျော်ပွဲ(ခေါ်) ရွှေကူနီပွဲကို ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ နန်းဦးကျေးရွာအုပ်စု၊ ကူနီကျေးရွာရှိ ကိုကြီးကျော် နတ်နန်းရှိရာ နေရာတွင် တပေါင်းလဆန်း ၁ ရက်နေ့မှ တပေါင်း လပြည့်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ ပွဲလာသူများဖြင့် စည်ကားလျက်ရှိသည်။

 

 

အဆိုပါ ကိုကြီးကျော်ပွဲကို တပေါင်းလဆန်း ၁ရက်နေ့မှ တပေါင်း လပြည့်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ တပေါင်းလဆန်း ၃ ရက်နေ့ ချိုးရေတော် သုံးသောနေ့၊ လဆန်း ၄ ရက်နေ့ ရွှေဘုံဆင်းခေါ်ရွှေချနေ့၊ လဆန်း ၅၊ ၆၊ ၇၊ ၈ နေ့များတွင် နတ်ချော့ကြသည့်နေ့၊ လဆန်း ၉ရက်နေ့ ကြက်တိုက်နေ့၊ တပေါင်းလဆန်း ၁၀ ရက်နေ့ နတ်ချော့နေ့၊ တပေါင်းလဆန်း ၁၁ ရက်နေ့ တောင်ပြုံးမင်း နှစ်ပါးကြိုဆိုသောနေ့၊ တပေါင်းလဆန်း ၁၂ ရက်နေ့ နောင်တော်ကြီး နန်းတက်သောနေ့၊ တပေါင်းလဆန်း ၁၃ ရက်နေ့ ရွှေကိုင်း မယ်တော်ကြီး လာသောနေ့၊ တပေါင်းလပြည့်နေ့ ဆွမ်းတော်ကြီးလောင်းပွဲနေ့ ဟူ၍ နှစ်စဉ် ကျင်းပလေ့ရှိသည်ဟု သိရသည်။

 

မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှ နတ်ပွဲလာသူအပေါင်း သိန်းနဲ့ချီပြီး လာလေ့ရှိကြသည်ဟုသိရပြီး လဆန်း ၁၁၊ ၁၂၊ ၁၃ ရက်နေ့များသည် အစည်ကားဆုံးနေ့များ ဖြစ်ကြသည်။

 

အိမွန်ဆွေ(ရေစကြို)