ပါကစ္စတန်ဝေဟင်ပေါ်ကနေ ပျံသန်းမယ့် ခရီးသည်တင် လေယာဉ်တွေ ဖျက်သိမ်းတဲ့အတွက် ကမ္ဘာလှည့်ခရီးသည်တွေ ထိုင်းလေဆိပ်မှာ သောင်တင်နေ

၂၈ ဖေဖော်ဝါရီ

 

အိန္ဒိယနဲ့ ပါကစ္စတန်ကြားက လက်တလော ပဋိပက္ခတွေကြောင့် ပါကစ္စတန်နိုင်ငံက နိုင်ငံပိုင်ဝေဟင်မှာ လေယာဉ်ပျံသန်းခွင့် ပိတ်ပင်လိုက်တဲ့အတွက် ဥရောပဘက်ကို ပျံသန်းမယ့် ထိုင်းလေကြောင်းလိုင်း (Thai Airways) ရဲ့ ခရီးစဉ်တွေကို ဒီကနေ့ ကြာသပတေးကစပြီး ဖျက်သိမ်းလိုက်ကြောင်း သိရပါတယ်။ 

 

နျူကလီးယား လက်နက်ပိုင်ဆိုင်တဲ့ ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံတွေကြားက တင်းမာမှုတွေဟာ တရိပ်ရိပ် မြင့်တက်နေတဲ့အတွက် စစ်ဖြစ်လာမှာကို စိုးရိမ်လာတဲ့အတွက် လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းရတဲ့အထိ ဖြစ်လာတာဖြစ်ပါတယ်။ ပါကစ္စတန်တိုက်လေယာဉ်တစ်စင်းကို အိန္ဒိယဘက်ကလည်း ပစ်ချခဲ့တဲ့အတွက် ပါကစ္စတန်ဘက် သူ့ရဲ့ ဝေဟင်ပိုင်နက်ကို ချက်ချင်းပိတ်ပင်လိုက်တာဖြစ်ပါတယ်။ 

 

ေ

 

ထိုင်းလေကြောင်းလိုင်းရဲ့ ခရီးသည် ၅၀ဝ၀ နီးပါးဟာ လေယာဉ်ခရီးစဉ်တွေ ပိတ်ပင်လိုက်တဲ့ အတွက် လေဆိပ်မှာ ပိတ်မိနေပါတယ်။ ခရီးသည် ၄၀ဝ၀ လောက်ဟာ ဥရောဘက်ကို သွားမယ့်ခရီးသည်တွေဖြစ်ပြီး ခရီးသည် ၇၀ဝ-၈၀ဝ  ကြားက ပါကစ္စတန်ကို သွားမယ့် သူတွေဖြစ်တယ်လို့ ထိုင်းလေကြောင်းလိုင်းက ပြောပါတယ်။

 

လန်ဒန်၊ပဲရစ်၊ ဘရက်ဆဲ၊ မီလန် နဲ့ မြူးနစ်မြို့ရှိ လေဆိပ်တွေကနေ ထိုင်းနိုင်ငံကိုလာမယ့် လေယာဉ် ၁၀ စီးရဲ့ ခရီးစဉ်တွေကိုလည်း ဖျက်သိမ်းထားရကြောင်း သိရပါတယ်။ 

 

တခြားနိုင်ငံတွေရဲ့ ဝေဟင်ကို အသုံးပြုရေးအတွက် ဆက်သွယ်နေပေမယ့် အီရန်နိုင်ငံကတော့ မေတ္တာရပ်ခံချက်ကို ပယ်ချလိုက်ပါတယ်။ တရုတ်နိုင်ငံဘက်ကို ဆက်သွယ်နေကြောင်း ထိုင်းလေကြောင်းလိုင်းက ဆိုပါတယ်။ 

 

ထိုင်းလေဆိပ်မှာ ပိတ်မိနေတဲ့ ဂျာမနီနိုင်ငံသား ခရီးသည်က “သူတို့က ဖူးကက်ကို အပန်းဖြေ လာပြီး အပြန် အခု လေဆိပ်မှာ ၁၂ နာရီပါး ပိတ်မိနေတယ်။ လေကြောင်းလိိုင်းက အစားအစာလည်း မပေးသလို နေစရာလည်း စီစဉ်မပေးဘူး။ ဂျာမန်စကားပြောတဲ့ ဝန်ထမ်းလည်း မရှိလို့ တော်တော်လေး စိတ်ရှုတ်ရတယ်”လို့ ပြောပါတယ်။

 

MDN
ကိုးကား- AFP