ပါကစ္စတန်သို့ရောက်ရှိနေသည့် အာဖဂန်နစ္စတန် ဒုက္ခသည် ၈၀၀ ကျော် နေရပ်ပြန်

 

ကဘူးလ် ဧပြီ ၂၁

အိမ်နီးချင်း ပါကစ္စတန်သို့ ရောက်ရှိနေသည့် အာဖဂန်နစ္စတန် မှဒုက္ခသည် ၈၀၀ ကျော်မှာ ဧပြီ ၁၉ ရက်တွင် ၎င်းတို့၏ နေရပ်သို့ ပြန်သွားကြပြီဖြစ်ကြောင်း အာဖဂန်နစ္စတန် ဒုက္ခသည်များ ပြန်လည်လက်ခံရေး ဝန်ကြီးဌာနက ပြောသည်။ ဒုက္ခသည် ၈၃၇ ဦးမှာ ပါကစ္စတန်မှ တော့ဟမ်နှင့် စပင်ဘိုဒါ့ခ် နယ်စပ်ဖြတ်သန်းရေး ဂိတ်များမှတစ်ဆင့် အာဖဂန်နစ္စတန်သို့ ပြန်သွားကြပြီဖြစ်ကြောင်း ပြောသည်။

ပါကစ္စတန် အစိုးရသည် ဧပြီ ၁၅ ရက်မှစတင်ကာ အာဖဂန် ရွှေ့ပြောင်းနေထိုင်သူများကို ဒုတိယအသုတ်အနေဖြင့် နေရပ် ပြန်လည်ပို့ဆောင်မှုများ စတင် ပြုလုပ်ခဲ့သည်။ ပထမအသုတ် အဖြစ် အာဖဂန်ဒုက္ခသည် ၅၅၀၀၀၀ ကျော်ကို နေရပ်ပြန်လည် ရောက်ရှိလာပြီဖြစ်ကြောင်း အာဖဂန်အရာရှိများက ပြောသည်။

အာဖဂန်အစိုးရသည် နိုင်ငံရပ်ခြားသို့ ရောက်ရှိနေသည့် ၎င်းတို့နိုင်ငံသားများ နေရပ်ပြန်ရန် မကြာခဏ ဖိတ်ခေါ်တိုက်တွန်းခဲ့ပြီး စစ်ပွဲဒဏ်ခံ တိုင်းပြည်ကို ပြန်လည်တည်ဆောက်ရာတွင် ပါဝင်ကြရန်လည်း တိုက်တွန်းခဲ့သည်။

ဆင်ဟွာ