ပါကစ္စတန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၅၂၂၁၉၁ ဦးရှိလာ

မတ် ၂၁

 

ပါကစ္စတန်နိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၀၃ ဦး ထပ်မံတွေ့ရှိခဲ့သည်ဟု ယနေ့တွင် အင်န်စီအိုစီစင်တာက ပြောကြားသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၅၂၂၁၉၁ ဦးအထိ မြင့်တက်လာသည်ဟု သိရသည်။

 

လွန်ခဲ့သော ၂၄ နာရီအတွင်း ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၃၆၁ ဦးရှိပြီးနောက် ပြန်လည်ကျန်းမာလာသူပေါင်း ၁၄၇၆၁၂၀ ရှိသည်ဟု ဖော်ပြထားသည်။

 

ယမန်နေ့က ထိုရောဂါကူးစက်ခံရမှုကြောင့် နှစ်ဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၃၀၃၃၁ ဦး အထိရှိလာသည်။

 

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းဒ်ရှ်ပြည်နယ်သည် ကိုဗစ်ရောဂါကူးစက်မှုအများဆုံးဖြစ်ပွားသော ဒေသဖြစ်ပြီး ရောဂါကူးစက်ခံရသူ ၅၇၃၇၅၃ ဦးရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို