ပါကစ္စတန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၇၉ ဦး ထပ်မံတွေ့ရှိ

ဇူလိုင် ၁၅

 

ပါကစ္စတန်နိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၇၇၉ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။

 

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် နှစ်ဦးထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၃၀၄၂၈ ဦးအထိ ရှိလာသည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၅၄၄၉၁၀ အထိ မြင့်တက်လာသည်ဟု ထိုဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

 

ပါကစ္စတန်နိုင်ငံတွင် ကိုဗစ်ရောဂါ   ဖြစ်ပွားဆဲလူနာ ၁၈၂ ဦး ရှိပြီး ၎င်းတို့၏ အခြေအနေစိုးရိမ်ရကြောင်း ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို